ရုရှာသမ္မတဗလာဒီမာပူတင်၏ သမီး မာရီယာပူတင်သည်ဟော်လန်တွင် သူမ၏ ချစ်သူနှင့်အတူနေထိုင် ကြောင်း သိပြီးနောက် သူမကို နေရပ်သို့ ပြန်ပို့ရန် ဒတ်ခ်ျတို့ကတောင်း ဆိုခဲ့သည်။
ပူတင်သည် MH-7 လေယာဉ် ပျက်ကျမှုကြောင့် ဒတ်ခ်ျလူမျိုး ၁၉၃ ဦး သေဆုံးသည်နှင့်ပတ်သက် ပြီး အပြစ်တင်ခံခဲ့ရပြီး ယခုအချိန် တွင် ပူတင်၏သမီးဖြစ်သူ မာရီယာ ပူတင်သည် ဒတ်ခ်ျလူမျိုးဂျော်ရစ်ဖာဆင် နှင့် ဟော်လန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ ပူတင်ဆန့်ကျင် သူများသည် တွစ်တာတွင် သူမ အိမ်လိပ်စာတင်ထားပြီး အိမ်ရှေ့ တွင် ဆန္ဒပြမှုများ ပြုလုပ်ရန်ဒတ်ခ်ျ တို့ကို တိုက်တွန်းခဲ့သည်။
Hilversum မြို့တော်ဝန်ပီတာ ဘရိုအာဂျက်စ်သည် မစ္စပူတင်ကို နေရပ်သို့ ပြန်ပို့ရန် ရေဒီယိုအင်တာ ဗျူးမှ တစ်ဆင့် ပြောခဲ့သည်။
ထို့နောက် ၄င်း၏ စကားအတွက် တောင်းပန်ခဲ့သည်။ ရုရှားနှင့် နယ်သာလန်ကြား သူမ၏ နေထိုင် မှုကိုခွဲခြားရန် မာရီယာအနေဖြင့် လည်းနားလည်ခဲ့သည်။
ပူတင်သည် မာရီယာဘဝလုံ ခြုံရေးအတွက် အမြဲစိုးရိမ်ခဲ့ပြီးရုရှား မီဒီယာများအား သူမကိုဓာတ်ပုံရိုက် ကူးခွင့် မပေးခဲ့ရုံသာမက တက္ကသိုလ်ကိုလည်း နာမည်ပြောင်းထားခဲ့သည်။
သူမ၏ တိုက်ခန်းရှေ့တွင်ဖြစ်ပွားသော အဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖြေကြားခြင်းမရှိဟု သိရပြီး သူမ၏ အိမ်နီးချင်းများကလည်း သူမအကြောင်းပြောရန် ဆန္ဒမရှိကြ ပေ။ မာရီယာသည် ၂ဝဝ၉ ခုနှစ် နွေရာသီက ဖက်ဆင်နှင့် လက်ထပ်ခဲ့ ကြောင်းသိရသော်လည်း တရားဝင် အထောက်အထားမရှိဟု သိရသည်။
ဖက်ဆင်သည် ၂ဝဝ၈ ခုနှစ်က Straytransgaz ကုမ္ပဏီ၏ ဒု- ဥက္ကဋ္ဌအဖြစ် ခန့်အပ်မခံရမီက ရုရှားဂက်စ်ကုမ္ပဏီ Gazprom နှင့် အတူ အိမ်ခြံမြေကျွမ်းကျင်သူတစ်ဦး အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
Ref: Daily mail
Yangon Media Group