လီဗာပူးလ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင် လယ်လာနာကို တွေ့ခဲ့ရစဉ် ယခုအပြောင်းအရွှေ့၌ ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ လယ်လာနာသည် ပြီးခဲ့သည့်ကြာသာပတေးနေ့က ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့၍ ရက်သတ္တပတ်(၆)ပတ်ခန် အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၂၃ .၆)သန်းဖြင့် ရောက်ရှိလာသူ လယ်လာနာသည် ဒူးအရွတ်ထိခိုက်မိသွားခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်သော်လည်း လီဗာပူးလ်အသင်း၏ ရာသီအစ ပရီးမီးယားလိဂ်(၃)ပွဲဖြစ်သည့် ဆောက်သမ်တန်၊ မန်စီးတီး၊ စပါးအသင်းတို့နှင့် ပွဲစဉ်များကို လွဲချော်ရမည်ဖြစ်သည်။
လီဗာပူးလ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များတွင် လယ်လာနာကို တွေ့ခဲ့ရစဉ်