အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 July, 2013

OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ တားဆီးထား၍ တင်သွင်းသူများ အခက်ကြုံ

ကညန ပါဝင်သည့် One Stop Services အဖွဲ့မှ တရားဝင် တင်သွင်းခွင့် ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ ပြန်လည် တားဆီးထားသည့်အတွက် ဆိပ်ကမ်းတွင် ထုတ်မရဘဲ တင်သွင်းသူများ အခက်အခဲမျိုးစုံ ကြုံနေရသည်ဟု သတင်းရရှိပါသည်။လုပ်ငန်းသုံးယာဉ် တင်သွင်းသူများ အနေဖြင့် One Stop Services အဖွဲ့မှ သတ်မှတ်ပေးထားသည့် မော်ဒယ်အတိုင်း လုပ်ငန်းသုံးယာဉ် တစ်မျိုးဖြစ်သည့် Extra Cab အမျိုးအစားများအား တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ
ဆိပ်ကမ်းသို့ ရောက်ရှိပြီးမှ အဆိုပါ Extra Cab ကားခေါင်းစဉ်အောက်တွင် မထည့်ဘဲ Double Cab ခေါင်းစဉ်အောက်တွင် ထည့်သည်ဟုဆိုကာ ကန့်ကွက်ထားသည့် အတွက် ကားထုတ်မရသည်မှာ နှစ်လကျော်အထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ OSS အဖွဲ့မှ သတ်မှတ်ထားသည့် Pcik Up(2 Door), Extra Cab, Space Cab စာရင်းတွင် ဖော်ပြထားသည့် ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Nissan Navara၊ ၂၀၀၃ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့်ပြုထားသည့် Ford Ranger၊ ၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ထိုင်းမှ တင်သွင်းခွင့် ပြုထားသည် Toyota Hilux Vigo(Extra Cab) များအား ဖော်ပြထားသည့် မော်ဒယ်၊ သတ်မှတ်ထားသည့် ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံနှင့် တင်သွင်းရမည့် အမျိုးအစားများအတိုင်း လိုင်စင်လျှောက်ထား တင်သွင်းခဲ့ကြသည်။

လိုင်စင်လျှောက်ထား တင်သွင်းခဲ့သည့် အတိုင်း မော်ဒယ်၊ ဈေးနှုန်း၊ တင်သွင်းရမည့် နိုင်ငံ၊ ကားအမျိုးအစား ကွဲလွဲခြင်းမရှိဘဲ တင်သွင်းလာသော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အခါတွင်မူ အဆိုပါကားများအား Extra Cab မဟုတ်ဟုဆိုကာ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တင်သွင်းသူများ၏ ပြောကြားချက်အရ သိရှိရသည်။

စီးပွားကူးသန်းနှင့် အကောက်ခွန်ဦးစီး ဌာနတို့ဘက်မှမူ နိုင်ငံတကာတွင် Extra Cab အဖြစ်သတ်မှတ် ထုတ်လုပ်ထားခြင်း၊ လုပ်ငန်းသုံးဖြစ်ခြင်း၊ ခွင့်ပြုပေးထားသည့် အချက်များနှင့် ကိုက်ညီခြင်းတို့ကြောင့် တင်သွင်းလာသည့် Extra Cab များအဖြစ်ဖြင့်သာ ခွင့်ပြုပေးရန် အသင့်ရှိနေပြီး ကညနမှသာ ကန့်သတ်ခြင်း ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက''ဘယ်ကုန်စည်မဆို ခေတ်ကာလနဲ့လိုက်ပြီး သုံးတဲ့သူ အဆင်ပြေအောင် ကုမ္ပဏီတွေက ထုတ်ကြပါတယ်။ အခုလက်ရှိ သွင်းလာတဲ့ ကားတွေက Extra Cab အမျိုးအစား ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခွင့်ပြုပေးဖို့ရှိတယ်။ ဒါပေမယ့် ဌာနသုံးခု ပေါင်းထားတဲ့ OSS ဖြစ်လို့ ဌာနတစ်ခုက ကန့်ကွက်ရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်း၊ မော်ဒယ်၊ အမျိုးအစား၊ နိုင်ငံ အကုန်တိကျတဲ့ အတွက်လည်း လိုင်စင်ပေးတာပါ'' ဟု ပြောပြခဲ့သည်။
Eleven Media Group
Double Cab ဟု တားဆီးခံရသည့် Extra Cab ကားတစ်စီးအား ဆိပ်ကမ်း၌ တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...