အာဏာပိုင်တွေရဲ့ တားဆီးမှုတွေကို ကြုံတွေ့ရတာရှိတယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အမျိုးစောင့်ဥပဒေ ပြဌန်းနိုင်ဖို့အတွက် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ ဒကာ ဒကာမတွေက မန္တလေးမြို့မှာ လက်မှတ်တွေကို စုဆောင်းနေတာပါ။
အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူနေတာဖြစ်ပြီ
မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်တွေကို ၃၇ လမ်းနဲ့၃၈ လမ်းကြားမှာရှိတဲ့ ၈၁ လမ်း နဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ လမ်း ၈ဝ စတဲ့နေရာတွေမှာ မဏ္ဍပ်ဖွင့်လှစ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။
RFA Burmese