အလွန်ရှားပါးသော
တရုတ်နိုင်ငံထုတ် တံဆိပ်ခေါင်း တစ်ခုကို ဟောင်ကောင်တွင် လေလံတင်
ရောင်းချရာ ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း ရရှိခဲ့ကြောင်း သိရသည်။
ဟောင်ကောင်ရှိ လေလံ တာဝန်ခံများက တံဆိပ်ခေါင်းအတွက် အမြင့်ဆုံးဈေးကို
ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း [အမေရိကန်ဒေါ်လာ (၈၉၀,၀၀၀)ဝန်းကျင်]ထိ ပေးချေ
ဝယ်ယူသွားကြောင်း ပြောကြားခဲ့သည်။အဆိုပါ
တံဆိပ်ခေါင်းကို (၃၂)ခုသာ ရိုက်နှိပ်ခဲ့သည်ဟု မှတ်တမ်းများ ရှိနေပြီး
ကွင်မင်းဆက် အုပ်စိုးစဉ် (၁၈၉၇)ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဟု သိရသည်။ ယင်းသည်
တရုတ်နိုင်ငံ၏
အရှားတကာ့ အရှားပါးဆုံး တံဆိပ်ခေါင်းဟောင်း တစ်ခုဟု
အင်တာရက်စီယာ လေလံဌာနက ညွှန်းဆိုခဲ့သည်။
တောက်ပသည့် အနီရောင်ရှိသော
တံဆိပ်ခေါင်းသည် တရုတ်နိုင်ငံတွင် ကံကောင်းခြင်းနှင့် အနာဂတ်
လှပခြင်းတို့ကို ရည်ညွှန်းပြီး တရုတ်ဘာသာဖြင့် "ကွင်မင်းဆက်
စာပို့ဝန်ဆောင်မှု၊ တစ်ဒေါ်လာ"ဆိုသော စာသားကို တရုတ်၊ အင်္ဂလိပ် ဘာသာများဖြင့်
ရေးထိုးထားသည်။
(၃)ရက်ကြာ ကျင်းပပြီး တရုတ်၊ ဟောင်ကောင်နှင့်
အာရှတိုက်မှ တံဆိပ်ခေါင်းများကို လေလံတင် ရောင်းချသော ပွဲမှ စုစုပေါင်း
ဟောင်ကောင်ဒေါ်လာ (၇၁.၉)သန်းထိ ရရှိခဲ့ကြောင်း လေလံ စီစဉ်သူများက ဆိုသည်။
ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက တရုတ်အမျိုးသား ခေါင်းဆောင်ကြီး
ဒေါက်တာဆွန်ယက်ဆင်၏ ပုံကို မတော်တဆနှင့် အထက်အောက် ပြောင်းပြန်
ရိုက်နှိပ်မိသော ရှားပါး တံဆိပ်ခေါင်း နှစ်ခုအတွက်လည်း ဒေါ်လာ
(၇၀၀,၀၀၀)ဖြင့် ရောင်းချခဲ့ဖူးကြောင်း သိရှိရသည်။
PlanetMyanmar
05 July, 2013
“အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ ၇ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ”
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 05
(21)
- ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ
- အချုပ်ခန်းအတွင်း ချောင်းဆိုးပျောက်ဆေးသွင်းသူ အမျို...
- ကေတီဗီ ဝင်ရောက်စစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်...
- ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ်အခမ်းအနားက...
- " Teen Choice ဆုအတွက် တေလာဆွစ်ဖ် ဆုခြောက်ဆု ဆန်ခါတ...
- မြန်မာ့ပြောင်း ဂျပန်ဝယ်ရန် စတင်ကမ်းလှမ်း
- ဂျပန်နိုင်ငံမှ လေးထောင့်ဖရဲသီး
- ယာဉ်အန္တရာယ် ကင်းရှင်းရေး အရှိန်ထိန်း အချက်ပြမီးဝါ ...
- ကော်ရှူခြင်း ကာကွယ်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပိ...
- သင့်ကိုယ်နံ့ သင်းပျံ့နေအောင်
- မန်ယူနည်းပြ အဖွဲ့တွင် ဂစ်နှင့် ဖီးလ်နဗီး ပါဝင်လာခဲ့
- “အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ...
- ဆေးခြောက်မှုနဲ့ အဖမ်းခံရတဲ့ ရဲတိုက်ကို ဆာတိုရီ လက်တ...
- OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ...
- သတင်းပုံရိပ်၊ သတင်းလူသား သို့မဟုတ် လူမင်းပုံရိပ် အ...
- မက်ဆီကို ရောင်းထုတ်ရန် ဘာစီလိုနာ အတွက် လုံးဝ မဖြစ်...
- မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ၁ သန်းကျော်ပြီလို့ ...
- “Glamour အတွက် One Direction နှင့် ရိုစီဟတ်တင်ဂမ်တ...
- မန်ယူတောင်ပံကစားသမား နာနီကို ရိုးမား စိတ်ဝင်စား
- ဆီဗီးလားတိုက်စစ်မှူး နီဂရီဒိုကို ခေါ်ယူရန် မန်စီးတီ...
- လိင်လုပ်သားတချို့ရဲ့ဘ၀ ငရဲခန်းတမျှလေလား
-
▼
Jul 05
(21)
-
▼
July
(52)