အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

ဒဂုံတောင်မြို့နယ်တွင် ညစ်ညမ်းခွေနှင့်ဆင်ဆာမဲ့ခွေများ ဖမ်းဆီးရမိ

၁၁.၆.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဒဂုံတောင်မြို့နယ်၊(၅၃)ရပ်ကွက်၊ ပုဂံလမ်းမကြီးဘေးတွင် ဆင်ဆာမဲ့ဗွီစီဒီနှင့် ညစ်ညမ်းခွေများ ရောင်းချနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်
ွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၁)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ဒဂုံတောင်မြို့နယ်နေဟန်ထွန်းရှိန်(ခ)ပြည့်ဖြိုးအား ဆင်ဆာမဲ့မြန်မာသီချင်း/အငြိမ့်ခွေ (၆၀၀)ခွေ၊နိုင်ငံခြားဇာတ်လမ်းခွေ(၈၉၅)ခွေ အခွေဖွင့်ကြည့်သော အောက်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ခွေရောင်းရငွေ(၂၆၄၀၀)ကျပ်တို့နှင့်အတူသိမ်းဆည်းရမိသဖြင့်၎င်းအား ဒဂုံတောင်မြို့မရဲစခန်း (ပ)၄၇၀/၂၀၁၃၊ ဗွီဒီယိုပုဒ်မ ၃၂(ခ)အရလည်းကောင်း၊ ညစ်ညမ်းဗွီစီဒီခွေ(၁၃)ခွေ
သိမ်းဆည်းရမိ၍ (ပ)၄၆၉/၂၀၁၃ ပုဒ်မ-၂၉၂အရလည်းကောင်း အရေးယူထားရှိခဲ့ပါသည်။

ဆက်လက်၍ ဟန်ထွန်းရှိန်(ခ)ပြည့်ဖြိုးအား စစ်ဆေးရာအဆိုပါ ဆင်ဆာမဲ့ဗွီစီဒီခွေများနှင့် ညစ်ညမ်းခွေများအား
ဒဂုံတောင်မြို့နယ်နေ ဗိုလ်အေးမင်း(ခ)ဗိုလ်ဗိုလ် ထံမှ
ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၁၂.၆.၂၀၁၃ရက်နေ့
၀၁၃၅ အချိန် ဗိုလ်အေးမင်း(ခ)ဗိုလ်ဗိုလ် ၏နေအိမ်အား သက်သေများနှင့်ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်း၏
နေအိမ်ဆိုင်ခန်းအတွင်းမှ ဆင်ဆာမဲ့ မြန်မာသီချင်း/အငြိမ့်ခွေ
(၅၉၀)ခွေ၊ ဆင်ဆာမဲ့နိုင်ငံခြားဗွီစီဒီခွေ(၅၆၀)ခွေ၊ ခွေရောင်းချရာ တွင်သုံးသောဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ (၁၀၀၀၀၀)ကျပ်တို့အားသိမ်းဆည်းရမိ သဖြင့်၎င်းအား ဒဂုံတောင်မြို့မရဲစခန်း (ပ)၄၇၁/၁၃၊ ဗွီဒီယိုပုဒ်မ ၃၂(ခ)အရ
လည်းကောင်း၊ ညစ်ညမ်းခွေ(၂၅)ခွေသိမ်းဆည်းရမိသဖြင့် (ပ)၄၇၂/၂၀၁၃ပုဒ်မ-၂၉၂အရလည်းကောင်း အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်
၈.၆.၂၀၁၃ရက်နေ့မှစ၍ ဆင်ဆာမဲ့ဗွီစီဒီနှင့် ညစ်ညမ်းခွေများအား
အရှိန်အဟုန်မြှင့်ဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဖမ်းဆီးမှု(၃၅)မှု၊ နိုင်ငံခြားဇာတ်လမ်းနှင့်
မြန်မာသီချင်း/အငြိမ့်ခွေစုစုပေါင်း (၃၀၀၀၀)ကျော်နှင့် နိုင်ငံခြားညစ်ညမ်းခွေ(၉၀၀)၊ မြန်မာညစ်ညမ်းခွေ(၆၀)ကျော်
ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။

yangonpolice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...