အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

“မိုယက်စ်လက်ထက် ပထမဆုံးခေါ်ယူလိုက်သည့် ဗာရဲလာကို မန်ယူ မိတ်ဆက်”

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယခုနွေရာသီ စာချုပ် ခေါ်ယူသည့် ပထမဆုံး ကစားသမားအဖြစ် ဂွီလာမို ဗာရဲလာကို မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၀) အရွယ်ရှိ ဥရုဂွေး လူငယ် လက်ရွေးစင် ကစားသမားလေးသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်ထက် ပထမဆုံး စာချုပ် ခေါ်ယူသူလည်း ဖြစ်လာသည်။ ဥရုဂွေး အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်း၏ ညာတောင်ပံ ခံစစ်သမားလေးကို ပီနဲရိုးလ် အသင်းမှ ခေါ်ယူနိုင်ခဲ့ပြီဟု ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ယူနိုက်တက်က ကြေညာသည်။ ၎င်းသည် မန်ချက်စတာမြို့သို့ ရောက်ရှိလာပြီးနောက် စာချုပ်ကိစ္စ ညှိနှိုင်းမှုများ ပြုလုပ်ကာ အင်္ဂါနေ့က (၅)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...