အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့၊ အမှတ် (၉)ရပ်ကွက်ရဲကင်း၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့မှ လားရှိုးမြို့ (၉/၁၀) ရပ် ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူဟု ယူဆရသူများနှင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများအား သတင်းအရ ဇွန်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မူးယစ်အထူးရဲတပ်ဖွဲ့ ရဲအုပ်ဝင်းမင်းထွေး၊ ရဲအုပ်စောနိုင်အဖွဲ့နှင့် ရပ်ကွက် (၁၀)အုပ်ချုပ်ရေးအဖွဲ့တို့မှ သတင်းအရ နံနက် (၈)နာရီ အချိန်ခန့် တွင် လားရှိုးမြို့၊ ရပ်ကွက် (၁၀)အတွင်းရှိ ဦးအိုက်ထွန်း၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ (၀၀၁)စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား (၈)ပြားအား နေအိမ်ကန်စွန်း ခင်းအတွင်းမှ တွေ့ရှိရပြီး သတင်းကွင်းဆက်အရ နံနက် (၉)နာရီ အချိန်ခန့်တွင် ယင်း ရပ်ကွက် အတွင်းရှိ ဒေါ်မြအုံထံမှလည်း (၀၀၁)စာတမ်းပါ ပန်းရောင်စိတ် ကြွဆေးပြား (၅၉)ပြားအား ရှာဖွေတွေ့ရှိခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးအား မူးယစ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့၊ အမှတ် (၉)ရပ်ကွက်အတွင်းရှိ ရဲကင်းမှဒုရဲအုပ်ဇော်လွမ်းထွဋ်နှင့်ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်(၉)အုပ်ချုပ်ရေးအဖွဲ့များမှ သတင်းအရ နံနက် (၁၁)နာရီခန့်တွင် ရပ်ကွက် (၉)တွင် နေထိုင်သူ မျိုးမင်းဦး (ခ)သီဟထံမှ မူးယစ်ဆေးဝါးဟု ယူဆရသော (ပင်နစလင် အသေးတစ်လုံး) သုံးစွဲပြီး လက်ကျန်အနည်းငယ်နှင့်အတူ မူးယစ်ဆေးအသုံးပြုရာတွင် သုံးသော ငွေရောင်ခဲစက္ကူ (အကြီး/ အသေး) (၂)ခု၊ ဂတ်(စ်)မီးခြစ်တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်း ဖမ်းဆီးရမည့်သူများအား မူးယစ်အထူးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော မူးယစ်ဆေးဝါးများ အန္တရာယ်ဆိုင်ရာ
ပုဒ်မများနှင့် အရေးယူအမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...