ကမ္ဘာ့သတင်းဌာန
များစွာတို့က အမေရိကန်၏ စစ်ဘက် လက်နက်နှင့် ယန္တရားများအတွက်
တည်ဆောက်မှုဆိုင်ရာ အချက်အလက်များကို တရုတ်နိုင်ငံမှ Hackerများက ထိုးဖောက်
ချဉ်းကပ်လာခဲ့ကြောင်း စွပ်စွဲထားသည့်တိုင် အမေရိကန်က ယင်းကို အလေးအနက်
မထားသည့် အပြုအမူမျိုးသာ ရှိနေသည်။အမေရိကန် အစိုးရ တာဝန်ရှိသူများက ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ
သတင်းအချက်အလက်များကို တရုတ်နိုင်ငံမှ Hackerများက ထိုးဖောက်
ရယူသွားကြောင်း သတင်းများအပေါ် ကြီးကြီးမားမား မှတ်ချက်ပေးမှုမျိုး မပြုဘဲ
ရှောင်ဖယ်လျှက် ရှိသည်။ ကမ္ဘာ့သတင်းဌာန များစွာတို့က အမေရိကန်၏ စစ်ဘက်
လက်နက်နှင့် ယန္တရားများအတွက် တည်ဆောက်မှုဆိုင်ရာ အချက်အလက်များကို
တရုတ်နိုင်ငံမှ Hackerများက ထိုးဖောက် ချဉ်းကပ်လာခဲ့ကြောင်း
စွပ်စွဲထားသည့်တိုင် အမေရိကန်က ယင်းကို အလေးအနက် မထားသည့် အပြုအမူမျိုးသာ
ရှိနေသည်။
"အနည်းဆုံးတော့ဗျာ။ ဘေဂျင်းမှာ F-35 တိုက်လေယာဉ်တစ်စင်း ဆောက်နေတယ်ဆိုတဲ့ အသံမျိုး မကြားမိပါဘူး"ဟု အမေရိကန်စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက NBC သတင်းဌာနသို့ ပြောကြားသွားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနအတွက် တင်သွင်းရန် စီစဉ်ထားသည့် အစီရင်ခံစာတစ်ခု ပေါက်ကြားမှုတွင် ကာကွယ်ရေး သိပ္ပံ ဘုတ်အဖွဲ့က မိမိတို့အနေဖြင့် တရုတ်နိုင်ငံမှ ဆိုင်ဘာသူလျှိုများသည် အမေရိကန်၏ တိုက်ခိုက်ရေး လေယာဉ်နှင့် သင်္ဘောများအတွက် ဒီဇိုင်းများကို ထိုးဖောက် ရယူသွားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တစ်ကမ္ဘာလုံးတွင် အမေရိကန် ဖြန့်ကျက်ထားသည့် ဒုံးကျည်စနစ်များ အကြောင်းကိုလည်း Hackerများ သိရှိသွားသည်ဟု ယူဆရကြောင်း ဆက်လက် ပါရှိနေသည်။
အဆင့်မြှင့်တင်ထားသည့် Patriot ဒုံးခွင်းဒုံးစနစ်၊ ရေတပ်၏ Aegis ဒုံးပျံကာကွယ်ရေးစနစ်၊ F/A-18 Hornet တိုက်လေယာဉ် ဒီဇိုင်းများ၊ V-22 Osprey မျိုးဆက်သစ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၊ Blackhawk သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တို့၏ တည်ဆောက်ပုံ ဒီဇိုင်းများ၊ F-35 Joint Strike ကိုယ်ပျောက် တိုက်လေယာဉ်၏ ဒီဇိုင်းများသည် အမေရိကန်တို့ Hackလုပ် ခိုးယူခံရသည့် ထိပ်တန်းစစ်လက်နက် လျှို့ဝှက်အချက်အလက် စာရင်းတွင် ပါဝင်နေကြောင်း သတင်းများက ဆိုသည်။
ယခုဆိုင်ဘာ တိုက်ခိုက်မှုသည် တရုတ်အစိုးရနှင့် ပတ်သက်မှု ရှိမရှိ မသိနိုင်သော်လည်း အဆိုပါ အချက်အလက်များကို လွှဲပြောင်းမှု ဖြစ်လာနိုင်ကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။ ကာကွယ်ရေး သိပ္ပံ ဘုတ်အဖွဲ့သည် လွန်ခဲ့သော (၂)နှစ်အတွင်း ဖြစ်နိုင်ခြေရှိသော အချက်အလက်များကို ခြေရာခံ ဖော်ထုတ်ပြီး ယခုအစီရင်ခံစာကို ရေးသားခဲ့ခြင်းဟု ဆိုသည်။ ပန်တဂွန်မှ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးကမူ အမေရိကန်အနေဖြင့် မိမိတို့၏ လက်ရှိ ကာကွယ်ရေး စွမ်းရည်နှင့် စစ်လက်နက်များအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း ပြောကြားသွားသည်။
Planet.com.mm