“ဒီ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (SEC )က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်
ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်မည့် ၂၀၁၅ ခုနှစ် မတိုင်မီ ၂၀၁၄ ခုနှစ် အတွင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို အတည်ပြု ပြဌာန်းနိုင်မည်ဖြစ်သည် ဟုဆိုသည်။
စတော့ရှယ်ယာဈေးကွက်တခု တည်ထောင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသည့် ဘဏ္ဍာရေးအဆောက်အဦးကို ကြံ့ခိုင်လာစေမည်ဖြစ်သလို တိုင်းပြည်စီးပွားရေး၏ အလားအလာကောင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟ
ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေသည်လည်း ထွက်ပေါ်လာတော့မည် ဖြစ်သော်လည်း စတော့အိပ်ချိန်းတခု မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ် လုပ်ကိုင်နိုင်ရေးအတွက် အခြားအခက်အခဲများလည်း ရှိနေသေးသည်။
“အရင်းအနှီးဈေးကွက်ကို ထောက်ပံ့ပေးဖို့ လုံခြုံရေးကုမ္ပဏီတွေ၊ စာရင်းကိုင်ကုမ္ပဏီတွေနဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းတွေ လိုအပ်နေပါသေးတယ်” ဟု ရန်ကုန်စတော့အိပ်ချိန်း ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရကို ကူညီ အကြံပေး နေသည့် Japan Exchange Group မှ အကြီးတန်းအမှုဆောင်အရာရှိ တဦးဖြစ်သည့် Koichiro Miyahara က ပြောသည်။
Japan Exchange Group သည် ကမ္ဘာတွင် တတိယ အကြီးဆုံး စတော့အိပ်ချိန်း ကိုစီမံခန့်ခွဲနေသည့် အဖွဲ့ ဖြစ်သည်။ “ ရန်ကုန်မှာ စာရင်းကိုင်နဲ့ ဥပဒေအကျိုးဆောင် ကုမ္ပဏီကောင်းတွေ ရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေလည်း ရောက်လာနေပါတယ်။ ဒါကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာ သူတို့က လုံလောက်တဲ့ အထောက်အကူ တွေပေး နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟုလည်း Koichiro Miyahara က ပြောသည်။
လက်ရှိအချိန်တွင် ဘဏ်များသည်သာ ငွေကြေးထောက်ပံ့မှု၏ အဓိက ပင်ရင်းအဖြစ်ရှိနေသည့် မြန်မာနိုင်တွင် ကုမ္ပဏီ များ အနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အခက်အခဲများ ရှိနေသည်။ စတော့အိပ်ချိန်းဖြစ်ပေါ်လာရေ
စတော့ အိပ်ချိန်းရှိရန်လိုအပ်နေခြ
“ဘဏ်ချေးငွေဆိုတာ ကာလတိုပြီး စွန့်စားရမှု နည်းပါးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက
Daiwa သည် အမေရိကန်ဒေါ်လာ ၄၀၀ ဘီယီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်ပြီး ၁၉၉၆ ခုနှစ်ကထဲက မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ Myanmar Securities Exchange Center (MSEC) ကိုလုပ်ကိုင် နေ သည်။ မကြာသေးခင်ကမှ မြန်မာ့စီးပွားရေးဘဏ် သည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ကန့်သတ်မ
ဂျပန် အစိုးရသည် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပေါ်ပေါက်လာရေးအတွက် မြန်မာ နိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ကူညီပေးနေသည်။ လွန်ခဲ့သော ရက်သတ္တပတ် က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံ၏ လမ်းများနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ မှုများအတွက် အမေ ရိကန်ဒေါ်လာ သန်း၅၀၀ ထုတ်ချေးမည်ဟု ကတိပြုခဲ့သည့်အပြင် မြန်မာက ဂျပန်ကိုပေးရန်ရှိသည်ကြွေြး
ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရာတွင်ပါဝင်သူများက
၂၀၁၅ ခုနှစ်တွင် ရန်ကုန်စတော့အိပ်ချိန်း စတင်သည့် အခါ မြန်မာကုမ္ပဏီ အနည်းငယ်သာ စာရင်းသွင်းရန် အသင့်ဖြစ် လိမ့်မည်ဟု မျှော်လင့်ရကြောင်း Daiwa Securities Group မှ Shinsuke Gote ကဆိုသည်။ “စတင် လည်ပတ်တဲ့ ပထမနှစ်မှာ ကုမ္ပဏီ ၅ ခုကနေ ၁၀ ခု အတွင်းလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်၊ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကျရင်တေ
ရန်ကုန် စတော့ အိပ်ချိန်းတွင် စာရင်းသွင်းမည့် ကုမ္ပဏီများအတွက် လိုအပ်ချက်များကိုလည်း အချောသတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ ဥပဒေကြမ်းများတွင် ဖေါ်ပြထားချက်အရဆိုလျှင် အနည်းဆုံးရင်းနှီးမြှုပ်နှံ
အကယ်၍ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများ
“စာရင်းသွင်းထားတဲ့ ကုမ္ပဏီ တခုဟာ သူရဲ့ လုပ်ငန်းဆောင်ရွက်မှု နဲ့ ဘဏ္ဍာရေးရလဒ်တွေကို အများသိ စစ်ဆေးခံ နိုင်ရပါမယ်၊ နှစ်ချုပ်အစီရင်ခံစာတွေ၊ ကြေညာချက်တွေ ထုတ်ပြန်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံသူတွေကို ဆက်သွယ် အသိပေးနေရပါမယ်” ဟု Shinsuke Gote ကပြောသည်။ စာရင်းဝင် ကုမ္ပဏီများအနေဖြင့် အိတ်ချိန်းသို့ ဘဏ္ဍာရေး ရှင်းတမ်းများ အစီရင်ခံစာများကို တင်ပြရမည်ဟုလည်း သတိပေးလိုက်သည်။
Japan Exchange Group မှ Miyahara က စာရင်းဝင်ကုမ္ပဏီများမှ ရှယ်ယာဝင်များသည် ကုမ္ပဏီ၏ အမြတ်အစွန်းကို သိထားသင့်ကြောင်းပြောသည်။ သို့မှသာလျှင် ငွေကြေးများ မှန်ကန်စွာ စီးဆင်းမှု ရှိမရှိ သိနိုင်မည် ဖြစ်သည်။ ၎င်းတို့ သည် ကုမ္ပဏီပိုင်ရှင်၏ မိသားစု သို့မဟုတ် ကုမ္ပဏီနှင့် အထူးဆက်သွယ်ပတ်သက်နေသော အခြားသူများက အပိုင်စီး ရယူခြင်း မျိုး မဖြစ်စေရဟု သူကဆိုသည်။
မြန်မာစစ်အစိုးရလက်ထက် ကလည်း ၁၉၉၆ ခုနှစ်ကပင် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ကိုရေးဆွဲ ရန်လုပ်ဆောင်ခဲ့သေးသည်။ ပြင်ဆင်ရေးဆွဲမှု ၁၀ ကြိမ်လုပ်သည့်တိုင်အောင် လက်တွေ့ အကောင် အထည်မဖေါ်နိုင်ခဲ့ပေ။ “ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာက အတွေ့အကြုံမရှိဘူး၊ ပြင်ပကမ္ဘာ နဲ့လည်း အဆက် အသွယ်မရှိဘူးလေ” ဟု ဦးစိုးသန်း က ဆိုသည်။
ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရန်အတွက် နိုင်ငံခြားအကူအညီ လိုအပ်သည်မှန်သော်လည်း တည်ထောင်ပြီး စတင်လည်ပတ်သည့်အခါ နိုင်ငံခြားမှ ပါဝင်မှုကို မည်သည့်အတိုင်းအတာအထိခွင့်ြ
“အစပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံခြားက ပါဝင်မှုဟာ နည်းကောင်း နည်းနိုင်ပါတယ်၊ မပါနိုင်တာလဲ ရှိပါမယ်၊ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဈေးကွက်ရဲ့ နေရာ အများအပြားမှာ ပါဝင်ဖို့ ခွင့်ပြုပေးတော့ မှာပါ” ဟု ဦးစိုးသန်း ကပြောသည်။
( Simon Roughneen ၏ Burma’s ‘Vital’ Stock Exchange Plans Proceeding on Schedule ကို နိုင်မင်းသွင် ဘာသာပြန်သည်)
ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်မည့် ၂၀၁၅ ခုနှစ် မတိုင်မီ ၂၀၁၄ ခုနှစ် အတွင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို အတည်ပြု ပြဌာန်းရမည် (ဓာတ်ပုံ – Reuters)
ဧရာဝတီ