အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ငမိုးရိပ်ချောင်းဖြတ် လူကူးကြိုးတံတားပျက်စီးစေသူ စက်လှေမောင်းသူအား တရားစွဲမည်

မြောက်ဥက္ကလပမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းဖြတ် လူကူးကြိုးတံတားကို သဲစုပ်သည့် စက်လှေတစ်စီးမှ ၀င်တိုက် မိခြင်းကြောင့် ကြိုးတံတား ဘေးထိန်းဆိုင်းကြိုး ပျက်ကျခဲ့သော်လည်း လူအသေအပျောက်မရှိကြောင်း သိရှိရသည်။
  အဆိုပါ ကြိုးတံတားသည် ၁၉၉၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း မြစ်ရေ မြင့်တက်မှုကြောင့် စက်လှေနှင့် တံတား ဘေးထိန်း ဆိုင်းကြိုး ငြိကာ ကြိုးပျက်သွားခြင်းဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးမှ သုံးသပ်သည်။အခု မြစ်က ကျနော်တို့ မြောက်ဥက္ကလာပရယ်၊ ဟိုဘက် မြောက်ဒဂုံရယ် တစ်ဖက်စီ ဆိုင်တယ်၊ အခု စက်လှေတိုက်တာက မြစ်လယ်မှာဆိုတော့လှေသမားတွေကို မြောက်ဒဂုံဘက်မှာ ယာယီ ဖမ်းထားတယ်။ ကြားတယ်၊ တိုက်မိတဲ့ စက်လှေကိုတော့ ကမ်းပေါ် ဆွဲတင်ထားတယ်၊ ဒီတံတားကို အသုံးပြုနေသူတွေ အန္တရာယ်ရှိမှာစိုးလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက စည်ပင်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး လောလောဆယ် တံတားကို ယာယီပိတ်ထားလိုက်တယ် ဟု မြောက်ဥက္ကလာပ မြို့နယ်၊ ကြိုးတံတား ရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 
အဆိုပါ စက်လှေမှ ကြိုးတံတားအား ၀င်တိုက်မိမှုကြောင့် ၀ဲဘက် တံတားထိန်း ဆိုင်းကြိုး (၂၂) ကြိုးမှ (၈) ကြိုး ပြုတ်ထွက်သွားပြီး တံတား ကြံ့ခိုင်မှု မရှိသေးသော်လည်း နေ့ချင်းပြီး ပြန်လည် အသုံးပြုနိုင် ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အခုလောလောဆယ် လှေသားတွေက မြောက်ဥက္ကလာပ ရဲစခန်းမှာလို့ ကြားတယ်၊ အကယ်၍ သိချင်တာရှိတယ်ဆိုရင် မြောက်ဒဂုံဘက် သွားမေးတာ အဆင်ပြေလိမ့်မယ် ဟု မြောက်ဒဂုံမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
ကြိုးတံတားကို ၀င်တိုက်မိသည့် စက်လှေမောင်းသူအား ထားဝယ်ချောင်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း နှင့် စက်လှေမောင်းနှင်သူကို တရားစွဲမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
တံတား ဘေးထိန်း ဆိုင်းကြိုး (၈)ကြိုး ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုမရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။
 
အဆိုပါ တံတား ကြိုးပျက်မှုကြောင့် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆/၁ ဖြင့် အရေးယူနိုင်ပြီး ထောင်ဒဏ်အနေနှင့် ၃ လမှ ၆လ အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။
မြတ်မိုးကျော်၊ ဇော်မျိုးဦး(မြစ်မခ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...