အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

သစ်ပင်ကျိုးကျရာမှတစ်ဆင့် ဓာတ်တိုင်ကျိုးကျ၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ အိုးဘိုတောင်ကွေ့တွင် ယနေ့ညနေ လေးနာရီခွဲခန့်တွင် လမ်းဘေးရှိ တမာပင်ကျိုးကျရာမှာ တစ်ဆင့် ဓာတ်တိုင်ပါ ကျိုးကျရာ လမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်နေသော အမျိုးသမီးတစ်ဦးပေါ်သို့ အဆိုပါ ဓာတ်တိုင် လဲကျပိကျမှု ဖြစ်ပွားခဲ့သည်။"တမာပင်က အထဲမှာ ဆွေးနေလို့နဲ့တူတယ်၊ မိုးလေးနည်းနည်းကျနေတဲ့အချိန်မှာ ကျိုးကျသွားတယ်။ အဲဒီတမာပင်က ဓာတ်ကြိုးတွေပေါ် ပိသွားတဲ့အချိန်မှာ ဟိုဘက်က ဓာတ်တိုင်ကပါ လိုက်ပြီးလဲကျသွားတယ်။ဟိုအမျိုးသမီးက တော်တော် ကံဆိုးပါတယ်။ အဲဒီဓာတ်တိုင်အောက်မှာမှ ဆိုင်ကယ်ရော၊လူပါ ပိသွားတယ်။ အခုတော့ ဆေးရုံပို့လိုက်တယ်ပြောတယ်" ဟု အိုးဘိုတောင်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပြီး မကြာခင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ရောက်ရှိလာပြီး လမ်းမပေါ် လဲကျနေသော သစ်ပင်နှင့်ဓာတ်တိုင်ကို ဖယ်ရှားရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ThanLarWaddy Times

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...