အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

ငါးဖမ်းလှေများ မုန်တိုင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန် နေရာများ ကြေညာ


မြန်မာ့ပင်လယ်ပြင်က ငါးဖမ်းရေယာဉ်တွေ မုန်တိုင်းအန္တရာယ်က ရှောင်ရှားခိုလှုံနိုင်ဖို့ သတ်မှတ်နေရာတွေကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝ
န်ကြီးဌာနက မေ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ထဲက ကမ်းနီးငါးဖမ်းလှေများ၊ ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များအနေနဲ့ ရခိုင်ပြည်နယ်က သတ်မှတ်နေရာ ၂ ခုနဲ့ ဧရာဝတီတိုင်းက သတ်မှတ်နေရာ ၃ ခုမှာ အချိန်မီခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီသတ်မှတ်နေရာတွေကတော့ (၁) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်း။ (၂) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင်။ (၃) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း။ (၄) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်ချောင်းဝကျေးရွာ။ (၅) ဧရာဝတီတိုင်းဒေသကြီး၊ ကဒုံကနိကျေးရွာတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးထဲက ကမ်းနီးငါးဖမ်းရေယာဉ်တွေအနေနဲ့လည်း ငါးဖမ်းဆီးထွက်ခွာခြင်း မပြုကြဖို့နဲ့ နီးစပ်ရာလုံခြုံတဲ့ကျွန်းတွေမှာ ကျွန်းခိုကြဖို့လည်း ကြေညာထားပါတယ်။
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းဟာ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဒီမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ရိုက်ခတ်နိုင်သလို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မိုးသက်လေပြင်းတွေကျနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သက်ဆိုင်ရာပြည်နယ် တိုင်းအစိုးရတွေနဲ့ ပြည်သူတွေကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းရေကြောင်းဦးစီးဌာနက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ရေကြောင်းတလျှောက်ပြေးဆွဲနေတဲ့ သင်္ဘောတွေပြေးဆွဲမှုကို မေ ၁၆ ရက်နေ့ထိ ရပ်နားထားပါတယ်။

DVB News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...