IBTC ကုမ္ပဏီ လီမိတက် မှ မြန်မာနိုင်ငံ
တွင် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဂျာမဏီ နိုင်ငံ ၊ ဒိန်မလာ အေဂျီမှ မာစီးဒီးဘင့်ဇ်
လူစီးကားများ ၊ စင်ကာပူ နိုင်ငံမှ ဖူဆို ကုန်သယ်ယာဉ် နှင့် ဂျာဒင်း ဆိုင်ကယ် ၊ ကဲရိပ်ခ်ျ
ယာဉ်များကို မြန်မာနိုင်ငံ သို့ တရားဝင် တင်သွင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
အရှေ့တောင် အာရှ Mercedes Benz (
German ) မှ အမှုဆောင် အရာရှိ Mr. Wolfgang Huppenbaur နှင့် ဦးအောင်မိုးကျော် ( ဥက္ကဋ္ဌ
) IBTC ဖက်စပ် ကုမ္ပဏီမှ မြန်မာနိုင်ငံ ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ၊ နိုင်ငံတကာ
ရင်းနှီး မြှုပ်နှံမှု များနှင့် မော်တော်ယာဉ် လုပ်ငန်း ရေရှည် တိုးတက် ဖွံ့ဖြိုးမည့်
အလားအလာ ကောင်းမွန် သည်ဟု ယုံကြည်၍ မြန်မာနိုင်ငံ အတွင်း နှင့် အာဆီယံ နိုင်ငံ ဒေသအတွင်း
မော်တော်ယာဉ် ဈေးကွက်ကို စံချိန်စံညွှန်း ကောင်းမွန်ပြီး အဆင့်မြင့် ပြည့်စုံသော မော်တော်ယာဉ်
များသုံးစွဲမှု နှင့် အခွင့်အလမ်း များ တိုးတက် ဖွံ့ဖြိုး သွားမည်ဟု ယုံကြည်ကြောင်း
မိတ်ဆက် စကား ပြောကြား ခဲ့သည်။