မွန်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီလုပ်ဆောင်သွားမည်ဟု နော်ဝေး ဒုတိယ
နိုင်ငံခြားရေးဝန်ကြီးက ကတိပေးပြောဆိုသည်ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်လတညီ က မဇ္ဈိမကို ပြောသည်။
နော်ဝေး ဒုဝန်ကြီး Mr. Hilde Haraldstad ဦးဆောင်သည့် ၇ ဦးအဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်သစ်ပါတီမှ နိုင်တလညီ၊ နိုင်ဟံသာဗွန်ခိုင်တို့ မေလ ၁၄ ရက်နေ့ တွေ့ဆုံခဲ့ကြသည်။
“အဓိက ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်း ဆွေးနွေးကြတာ ဖြစ်တယ်။ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကာလမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နိုင်ငံတော်က လုပ်ဆောင်ပေးတာ ရှိပေမယ့် ပြည့်စုံမှု မရှိဘူး။ ဒါကြောင့်
ပြည်ပ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်” ဟု နိုင်တလညီ က ပြောသည်။
သို့သော် မည်သည့်ကဏ္ဍမှ စတင်ကူညီလုပ်ဆောင်သွားမည်ကို ပြောကြားခြင်းမရှိသေးကြောင်း နိုင်တလညီ က ပြောသည်။ တွေ့ဆုံပွဲတွင် ပညာရေးကဏ္ဍ၊ လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးတို့ကိုလ ည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည် ။
တဆက်တည်းမှာပင် နော်ဝေးအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ သည်
မွန်ပြည်နယ်အတွင်းရှိ မွန်နိုင်ငံရေး ပါတီများ၊ မွန်လူမှုအဖွဲ့အစည်း ၁၀
ဖွဲ့ခန့်တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လမ်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိအခြေအနေတွင် နော်ဝေးနိုင်ငံနှင့် ဆက်စပ်သည့် အကူအညီပေးရေးအဖွဲ့တို့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်အတွင်းရှိ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်၊ ကလိန်မြို့နယ်ခွဲ အတွင်းရှိ မွန်ရွာတွေများ တွင် ရေပိုက်များ သွယ်တန်းပေးလျက်ရှိသည်။
Mizzima News
နိုင်ငံခြားရေးဝန်ကြီးက ကတိပေးပြောဆိုသည်ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်လတညီ က မဇ္ဈိမကို ပြောသည်။
နော်ဝေး ဒုဝန်ကြီး Mr. Hilde Haraldstad ဦးဆောင်သည့် ၇ ဦးအဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်သစ်ပါတီမှ နိုင်တလညီ၊ နိုင်ဟံသာဗွန်ခိုင်တို့ မေလ ၁၄ ရက်နေ့ တွေ့ဆုံခဲ့ကြသည်။
“အဓိက ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်း ဆွေးနွေးကြတာ ဖြစ်တယ်။ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကာလမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နိုင်ငံတော်က လုပ်ဆောင်ပေးတာ ရှိပေမယ့် ပြည့်စုံမှု မရှိဘူး။ ဒါကြောင့်
ပြည်ပ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်” ဟု နိုင်တလညီ က ပြောသည်။
သို့သော် မည်သည့်ကဏ္ဍမှ စတင်ကူညီလုပ်ဆောင်သွားမည်ကိ
တဆက်တည်းမှာပင် နော်ဝေးအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့