အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

ရော်နယ်လ်ဒိုကို လုပ်ခလစာအများဆုံး ကစားသမားဖြစ်စေရန် ရီးယဲလ် ဆန္ဒရှိ

ရီးယဲလ်မက်ဒရစ် အသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကမ္ဘာ့လုပ်ခလစာ အများဆုံး ဘောလုံးသမား ဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဘာနေဗျူးတွင် (၂၀၁၅)ခုနှစ်ထိသာ စာချုပ်သက်တမ်း ရှိနေသည့် ရော်နယ်လ်ဒိုအား ယခုနွေရာသီတွင် ရီးယဲလ်က ရောင်းထုတ်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ရော်နယ်လ်ဒိုသည် အခွန်ဆောင်ပြီး အသားတစ် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၈)သန်း ရရှိနေသူလည်း ဖြစ်သည်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်နှင့် PSGအသင်းများက ချိတ်ဆက်နေပြီး ရော်နယ်လ်ဒို အနေဖြင့် အသင်းဟောင်း မန်ယူသို့ ပြန်သွားရန် အလားအလာ ရှိနေကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကမူ အသက်(၂၈)နှစ်ရှိ ကစားသမားအား စာချုပ်သစ် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ပီရက်ဇ်က "ရော်နယ်လ်ဒိုနဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ ရော်နယ်လ်ဒို အနေနဲ့လည်း သူတစ်ချိန်က ရီးယဲလ်မှာ စိတ်မကောင်းစရာ အခြေအနေ တချို့ ရှိခဲ့တာကို ပြောပြတယ်။ လောလောဆယ် ရော်နယ်လ်ဒိုကို တခြားအသင်းတွေက ကမ်းလှမ်းထားတယ် ဆိုတာမျိုး ကျွန်တော် မကြားမိပါဘူး။ ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ အသင်းရဲ့ အနာဂတ်မှာ သူ့ကို ဝန်းရံပုံဖော် တည်ဆောက်ထားတာမျိုး ဖြစ်စေချင်ပါတယ်။ ပြီးတော့ ရော်နယ်လ်ဒိုကို ကမ္ဘာပေါ်မှာ လစာအကောင်းဆုံး ကစားသမား ဖြစ်လာစေချင်တဲ့ ဆန္ဒလည်း ကျွန်တော့်မှာရှိတယ်"ဟု ဖွင့်ဟသွားသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...