အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

အသံနှင့် စေခိုင်း၍ရသော ကားကို တိုယိုတာမှ ထုတ်လုပ်

တကယ် အသံနဲ့ စေခိုင်းလို့ရတဲ့ ကား ဖြစ်ပါတယ်။ ဒီအတွက် တိုယိုတာက Microsoft နဲ့ ပူးပေါင်းရယူထားတဲ့ နည်းပညာ ဖြစ်ပါတယ်။တစ်ယောက်စီး Smart Insect concept EV မီနီကားငယ်လေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ- အဆင့်မြင့် နည်းပညာပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက် များနေတဲ့ ကား ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ နဲ့ အနောက်မှာ Xbox -Kinect ကင်မရာကို တပ်ဆင်ထားပါတယ်။ စပီကာလည်း ပါဝင်ပါတယ်။ ကင်မရာ ကတော့ ဒရိုဘာရဲ့ လှုပ်ရှားမှုကို မှတ်သားပေးထားပါတယ်။ ယင်းလှုပ်ရှားမှု ကို ကင်မရာက မှတ်သားထားပေးပြီး သော့သုံးစရာမလိုပဲ Body ပြရုံနဲ့ အလို အလျောက် တံခါးပွင့်မှာ ဖြစ်ပါတယ်။ ရှေ့ ရော၊နောက်မှာပါ တပ်ထားတဲ့ မျက်နှာပြင်ကလည်း ဒရိုင်ဘာကို ကြိုဆိုတဲ့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ အသံနဲ့လည်း ကြိုဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ အသံကိုလည်း မှတ်သားထားပေးပြီး အသံနဲ့လည်း ကားအဖွင့်အပတ် လိုက်နိုင်ပါတယ်။ ဒါ့အပြင် အခြားသော function များကို လည်း အသံနဲ့ ခိုင်းစေလို့ ရပါတယ်။ တံခါးပေါက်က အမိုးပင့် ဖွင့်ရမယ့် လိပ်ပြာတောင်ပံ ဒီဇိုင်း ဖြစ်ပါတယ်။

ကားကို ကွန်ပျူတာ စနစ်နဲ့ ထိန်းချုပ်ထားပါတယ်။ ဒတ်ခ်ျဘုတ်မှာတင် ကားကို ထိန်းလို့ရမယ့် function ခလုပ်တော်တော်များများ ပါဝင်ပါတယ်။ ဖုန်းနဲ့ အခြား မိုဘိုင်း အီလက်ထရောနစ် ပစ္စည်းများကို အားပြန်သွင်းဖို့ အတွက် Plug in ပေါက်လည်း ပါဝင်ပါသေးတယ်။

အိမ်က အဲယားကွန်း၊ တံခါးပေါက်၊ ရေမော်တာ စတာတွေကို အဆင့်မြင့် နည်းပညာ ပစ္စည်းနဲ့ တပ်ဆင်ထားရင် ဖုန်းရဲ့  App ကနေတောင် လမ်းပြီး ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုယိုတာမှ ထုတ်တဲ့ Smart Insect EV ဟာ အသံရော၊ လှုပ်ရှားမှုနဲ့ပါ စေခိုင်းလို့ ရတဲ့ ကား ဖြစ်ပါတယ်။ တစ်ယောက်စီး ကား ဖြစ်ပြီး လျှပ်စစ်မော်တာအင်ဂျင်ကိုပဲ အသုံးပြုပါတယ်။ ပြန်လည် အားသွင်းနိုင်တဲ့ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အခြား ဆီစားကား များလောက်တော့ ကီလိုမီတာ ခပ်များများ မပြေးနိုင်သေး ပါဘူး။ မြို့ တွင်း မောင်းနှင်ဖို့အတွက် ရည်ရွယ်တဲ့ မီနီကားငယ်လေး ဖြစ်ပါတယ်။ Concept အဆင့်ဆိုပေမယ့် နောက်နှစ်အတွင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။

Microsoft ရဲ့ အကူအညီကြောင့် တိုယိုတာမှ လက်ရှိထုတ်လုပ် နေတဲ့ ကားများ အားလုံးမှာ ပေါင်းစပ်ဖို့လည်း ဆက်လက်ကြိုးစားပြီး နောက်ထုတ် မယ့် အနာဂတ်ကားများကိုလည်း အသံနဲ့ စေခိုင်းနိုင်အောင် ဖန်တီးတော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref:engadget.com
ColayOnline

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...