အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

မြန်မာ အတက် ထိုင်း အကျ

ပြီးခဲ့သော ကြာသပတေးနေ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင် နာဝပ်ထ ရာသည် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သူ၏ အိမ်တော်တွင် တွေ့ဆုံ ခဲ့ပြီး ထားဝယ် မဟာစီမံကိန်းတွင် ဂျပန် က ရင်းနှီးမြှုပ်နှံရန် တိုက် တွန်းခဲ့၏။ ဂျပန် ဝန်ကြီးချုပ်က နောက်နေ့တွင် ရန်ကုန်သို့ သွားရောက်ပြီး စီးပွားရေး အကူအညီ နှင့် ရေရှည် စီးပွားရေး တိုးတက်မှု စီမံကိန်း များစွာ၊ တန်ဖိုး အမေရိကန် ဒေါ်လာ တစ်ဘီလျံ နီးပါးပေးမည် ဖြစ် ၏။ ဂျပန်ရော မြန်မာနိုင်ငံပါ သီလဝါ ဆိပ်ကမ်း တည်ထောင်ရန် စိတ်ကူးရှိ ကြ ၏။ လောလောဆယ် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်းကို မလုပ်ကြသေး။ထို ရက်သတ္တပတ်၏ အတော အတွင်းမှာပင် အမေရိကန်၌ သမ္မတ ဦးသိန်းစိန်သည် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံခဲ့၏။ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆွေးနွေးပွဲများ၊ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေခံ သဘော တူညီချက်များကို လက်မှတ်ရေး ထိုးခဲ့ကြ၏။ ထိုလုပ်ငန်း များကို ဒေသ တွင်း အမေရိကန်နှင့် အရှည်ကြာဆုံး မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ပင် မလုပ် ခဲ့သေး။
စကားမစပ် ပြောရလျှင် ယင်းလပ် သည်ပင် အိမ်ဖြူတော်ကို တရားဝင် အလည်အပတ် မရောက်သေးချေ။ ထိုင်း နှင့် အမေရိကန် တို့သည် နှစ် ၁၈ဝ ပြည့် ဆက်ဆံရေး အထိမ်းအမှတ် ဧည့်ခံပွဲကို နိုင်ငံခြားရေး ဝန်ကြီး ဌာန တွင် ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့၏။ ဓာတ်ပုံပြပွဲနှင့် ယဉ် ကျေးမှု ဖြေဖျော်ပွဲ အချို့ ပါဝင်သည်။ ဤသည်မှာ ယခင်နှစ်ကနှင့် စာလျှင် အ တော် အဆင့်နိမ့်ကျင်းပသော ပွဲဖြစ်၏။

မြန်မာက အကောင်းမြင် သဘော မျိုးစုံဖြင့် တိုးတက်လာချိန်တွင် ထိုင်းက ကျသွားသလို ဖြစ်နေ၏။ ယခုအခါ ဦးသိန်းစိန်ကို အမေရိကန်တွင် ”ပြန်လည် ပြုပြင်ရေးပြယုဂ်” ဟု လူသိများနေ၏။ အမေရိကန် သမ္မတ က စောစောပိုင်းက ဝါရှင်တန် သို့ ရောက်ခဲ့သော အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ”ဒီမိုကရေစီ ၏ ပြယုဂ်” ဟု ခေါ်ခဲ့ဖူးသည်။ ယခုအခါ ဦးသိန်းစိန် ရော၊ ဒေါ်အောင်ဆန်းစုကြည် ပါ နိုင်ငံ ၏ ပုံရိပ် ကို မြှင့်တင်ရန် အတူ လက်တွဲ လုပ်ဆောင်နေကြရာ နိုင်ငံတကာ က လျင်မြန်စွာ အသိအမှတ်ပြုခဲ့ကြ၏။
ယခုအတော အတွင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ”ဆူရာပွန်တိုဝီချက် ချပ်ကူးလ်” က ဝါရှင်တန်ဒီစီ သို့ ရောက် ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီနှင့် မေလ စောစောပိုင်းတွင် တွေ့ဆုံခဲ့၏။ သူတို့ ၏ တွေ့ဆုံပွဲ ကို စာပိုဒ်နှစ်ပိုဒ်သာ ပါသော သတင်း ထုတ်ပြန်ချက် ထုတ်ခဲ့၏။ ဆွေးနွေးပွဲ များကို အသေးစိတ် မဖော်ပြ။

ကယ်ရီက နှစ်နိုင်ငံသည် နောက်ထပ် နှစ် ၁၈ဝ အထိ စီမံကိန်းများ လုပ်ဆောင်သွားမည် ဟု ပြော ခဲ့၏။
ဘွတ်ရှ် အစိုးရ လက်ထက်က မြန် မာနိုင်ငံကို ”မကောင်းဆိုးရွား ဝင်ရိုးစွန်း နိုင်ငံ သုံးနိုင်ငံထဲမှ တစ်ခု” ဟု အမည် ပေးခဲ့၏။ ယခု ကနဦး ပြုပြင်ပြောင်းလဲမှု များ လုပ်လိုက်သည်နှင့် လ ၂ဝ ကြာ လာသောအခါ ဤနိုင်ငံကို အဓိက အင်အားကြီး နိုင်ငံများနှင့် ဒေသတွင်း အုပ် စုများကပါ အာရုံ အစိုက်ဆုံးနိုင်ငံ ဖြစ်လာ၏။ အထူးသဖြင့် အီးယူက ဖြစ်၏။ မြန်မာကို ပိုကျော်ကြားလာသည်နှင့် အမျှ အနောက်နိုင်ငံ များက လူ့ အခွင့်အရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကိုပင် အလျှော့ပေးနေကြပြီ။ ဥပမာ ရိုဟင်ဂျာ သတင်းက ပျောက် သွားပြီး ထိုင်းနိုင်ငံ၏ နေရာကို မြန်မာ က အစားထိုးဝင်လာပြီ။

စာရေးသူ အင်တာဗျူး လုပ်ခဲ့သော သံတမန်များ နှင့် စီးပွားရေး လုပ်ငန်းရှင် များက မြန်မာနှင့် ပတ်သက်၍ အချက် နှစ်ချက် ပြော၏။ ပထမ အချက်မှာ မြန်မာသည် နိုင်ငံရေးရော စီးပွားရေးပါ ပြုပြင်ပြောင်းလဲမှု များကို အရေး တယူ ဆက်လက် လုပ်ဆောင်နေသည်။ ဦးသိန်းစိန် အမေရိကန် မှ ပြန်လာပြီး နောက် ပြုပြင်ပြောင်းလဲမှုများကို ဆက် လုပ်ဦးမည်။
ဒုတိယ အချက်ကမူ မြန်မာပြည်မှ အရာရှိများ နှင့် ပုဂ္ဂလိက ကဏ္ဍတို့ကို ဆက်ဆံလိုသည်။ ပြည်သူတို့က သူတို့ ဘာ လိုအပ်ကြောင်း အတိအကျ သိကြသည်။ နောက်ကျ ရောက်လာသူ ပီပီ၊ မြန်မာသည် ရှိရင်းစွဲ အခွင့် အလမ်းကို များများရနိုင်၏။ ထိုင်းနိုင်ငံကမူ အ ရောင် နိုင်ငံရေးနဲ့ သက်ဆင်ရှင်နာဝပ် ထရာကို ပြည်တော်ပြန် ခွင့်ပေးရေး တို့ နှင့်ဗျာများနေ၏။ ပြဿနာတွေက မပြီး နိုင်သေး။

မြန်မာက အမေရိကန်ကို ပြောကြားရာ၌ လွန်ခဲ့သော သုံးနှစ်ကပင် တရုတ်နှင့် ခပ်ခွာခွာ နေလိုပြီး အီးယူ၊ အိန္ဒိယ၊ ဂျပန်စသည့် ကွဲပြား ခြားနား သော နိုင်ငံများနှင့် ဆက်ဆံရေး ကို ထူ ထောင် လိုသည်ဟု ဆို၏။ ထိုသို့ပြု လုပ်ရန် နေပြည်တော်သည် အနောက်နိုင်ငံ များနှင့် ယုံကြည်မှု အဆင့်ရရန် ဘာပဲ လုပ်ရလုပ်ရ လုပ်မည်ဟု ဆို၏။ နိုင်ငံ ရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မြောက်ကိုရီးယားနှင့် ဒုံးပျံများ၊ နျူကလီး ယား စီမံကိန်း များ ရောယှက်မှုကို ရပ်ဆိုင်းပြီး တိုင်းရင်းသား လူနည်းစုများနှင့် ဆက်လက်ဆွေး နွေး ညှိနှိုင်းခြင်း တို့ကို လုပ်ဆောင်ခဲ့၏။ သမ္မတ ဦးသိန်းစိန် အိမ် ဖြူတော် မရောက်ခင် အတိအကျ နှစ်နှစ် အတွင်း ၄င်းတို့ကို လုပ်ဆောင် ခဲ့၏။

ယခု အချိန်မှစ၍ မြန်မာသည် အမေရိကန်၏ အရှေ့တောင်အာရှ အတွက် မဟာဗျူဟာ မြေပုံကြမ်း ဖြစ်လာချေပြီ။ ဤလုံခြုံရေး ထီးရိပ်အောက်မှ နေ၍ အမေရိကန်သည် မြန်မာနှင့် ဆက်ဆံရေးကို ပိုမို အားကောင်း ခိုင်မာ အောင် လုပ်ဆောင် လိမ့်မည်။ အထူးသ ဖြင့် လုံခြုံရေး နှင့် စစ်ပညာတို့ကို အဆင့်သစ် မြှင့်ပေးမည် ဖြစ်၏။ တိုင်းရင်းသား ဒေသများ နှင့် အခြား အတိုက်အခံ အင်အားစုများကို အကြမ်းဖက် နှိမ်နင်းသူ များ ပြုနေ သည့် တိုင်အောင် ဝါရှင်တန် က သူ၏ ဝေဖန်ရေး လေသံကို လျှော့ချ လိမ့်မည်။ အတိတ်က လက်တင် အမေရိက မှ မိတ်ဆွေ များကို လုပ်ဆောင်သည့် ပုံစံမျိုး ဖြစ်သည်။ အရှေ့တောင် အာရှ တွင် မဟာဗျူဟာ နေ ရာသစ် ပေးလိုက် ခြင်းဖြင့် မြန်မာသည် ပိုမို ကျယ်ဝန်းသော နေရာလပ် ရရှိကာ အသက်ရှူ ပိုချောင် မည်။ ဒေသတွင်း အခြေအနေ အနေ အထားကို ပိုမို ခိုင်မာအောင် လုပ်ဆောင် နိုင်မည်။

တရုတ်ပြည်၏ ထွန်းကားလာပုံ နှင့် ဖြစ်တည်လာသော သံခင်း တမန် ခင်းအရ ဝါရှင်တန်သည် ထိုင်းအစိုးရ ၏ ချဉ်းကပ်မှုကို ဦးစားပေးမည် မဟုတ်။ အမေရိကန် ပေါ်လစီရေးဆွဲသူ များနှင့် ပညာရှင် များကြားမှ အမြင် အရ ထိုင်းနိုင်ငံသည် တရုတ် လိုလားသည့် နိုင်ငံဟု ထင်နေကြ၏။
ထို့ကြောင့် လုံခြုံရေး ပတ်ဝန်းကျင် သစ်အောက်တွင် ထိုင်းနိုင်ငံနှင့် စစ်မှန် သော မဟာမိတ်ဖြစ်ရန် ခက်ခဲ၏။ ဒေ သတွင်း ကျန်ရှိသော အမေရိကန် မဟာ မိတ်များ ဖြစ်ကြသော သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင် တို့တွင် ဤကဲ့သို့သော ပြဿနာ မရှိ။ ယနေ့ စစ်မှန်သော သံခင်း တမန်ခင်း လောကတွင် အပြောထက် အလုပ်က ပို အရေးကြီး၏။ ထိုင်းနိုင်ငံက လက်တွေ့ အကြောင်းပြချက် များကြောင့် တရုတ် ဘက်ကို ယိမ်းနေသည်။ ယနေ့ကာလနှင့် ကြိုတင်မြင်ရသော အ နာဂတ်အတွက် အမေရိကန်၏ ပိုမိုကောင်းမွန်သော ရွေးချယ် စရာကား မြန်မာနိုင်ငံပင် ဖြစ်တော့သည်။

(၂၇-၅-၂ဝ၁၃) နေ့ထုတ် နေးရှင်း သတင်းစာမှ ဆောင်းပါးကို မြန်မာပြန်ဆို သည်။)
ဟိန်းလတ်
Popular News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...