အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

ထိုင်းရောက်မြန်မာတို့ ယာယီပတ်စပို့လျှောက်ဖို့ ၄ လ သက်တမ်းတိုး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အလုပ်သမားတွေ ယာယီပတ်စပို့ လျှောက် ထားနိုင်တဲ့ ကာလကို ထိုင်းအစိုးရက နောက်ထပ် ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးထားပါတယ်။ မလျှောက်ရသေးသူ အများအပြား ကျန်နေသေးတဲ့အချိန်မှာ အခုလို သက်တမ်းတိုးလိုက်တာပါ။ဒီသက်တမ်းက လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ကုန်ဆုံးပါမယ်။
၂ဝဝ၉ ခုနှစ်က စတင်ပြီး ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်များအရ အလုပ်သမားတွေ အတွက်ယာယီ ပတ်စပို့စ်ကို ထုတ်ပေးနေတာပါ။ အခုဆိုရင် ထိုင်းနိုင်ငံမှာ ယာယီ ပတ်စပို့ ထုတ်ပေးရေးဆိုင်ရာ ရုံး (၁၁) ရုံး ဖွင့်ထားပြီ ဖြစ်ပါတယ်။ ဒီရုံးတွေပေါ်လာပြီးနောက် မကြာခင်မှာဘဲ တဆင့်ခံ ပတ်စပို့ လုပ်ပေးတဲ့ အကျိုးဆောင်ကုမ္ပဏီတွေလည်း ပေါ်ပေါက် လာတဲ့အတွက် ဒီလုပ်ငန်းဟာ အကျိုးဆောင်တွေအတွက် ဈေးကွက်ကြီး တခုလို ဖြစ်လာခဲ့ပါတယ်။

ကုန်ကျစရိတ်
အလုပ်သမားတွေ ပတ်စပို့စ် ကိုင်ဆောင်ထားခြင်းဟာ ထိုင်းနိုင်ငံတဝန်း သွားရေး လာရေးမှာ အဆင်ပြေပါတယ်။ ဒါပေ မယ့် ပတ်စပို့အတွက် ကုန်ကျစရိတ်က ဘတ် တသောင်းခွဲ ဝန်းကျင် ရှိတာကြောင့် အလုပ်သမားအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးလို ဖြစ်နေပါတယ်။ ဒီငွေပမာဏဟာ မြန်မာကျပ်နဲ့တွက်ရင် ၅ သိန်းနီးပါးပါပဲ။ ဒေါ်လာနဲ့ တွက်မယ် ဆိုင် $500 ဝန်းကျင် ရှိပါတယ်။ ပုံမှန်အလုပ်မရှိကြတဲ့ နေ့စားအလုပ်သမား အများအပြားက ဒီငွေပမာဏကြောင့် ပတ်စပို့နဲ့ လက်လှမ်းမမီနိုင်ပါဘူး။

ပွဲစား
ထိုင်းအစိုးရက ပတ်စပို့စ်ထုတ်လုပ်ခွင့်ကို ကုမ္ပဏီတွေလက်ထဲ လွဲပြောင်းပေးတာဟာ ပွဲစားတွေအတွက် အလုပ်ဖြစ် လာတယ် ဆိုရမှာပါ။ ပွဲစားတွေကြောင့်လည်း သတ်မှတ်ထားတဲ့ ပတ်စပို့စ် ကုန်ကျ စရိတ်ထက် ပိုပြီး ကုန်ကျနေကြရတာ ဖြစ်ပါတယ်။ ပတ်စပို့လုပ်တဲ့ အလုပ်သမားတိုင်းဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် ဘတ်လို့ အလုပ် သမားတွေကြားထဲမှာ ခေါ်ကြတဲ့ အလုပ်သမားလက်မှတ် ရရှိရေးကိုလည်း ပူးတွဲ ဆောင်ရွက်ရပါတယ်။

ယာယီပတ်စပို့၊ တရားဝင်အထောက်အထားတွေ ကိုင်ဆောင်ထားနိုင်မှသာ အလုပ်သမား ရပိုင်ခွင့်တွေ ခံစားနိုင်မယ်၊ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တွေနဲ့ မတရားမှုတွေကနေ လွတ်ကင်းမယ် လို့ မြန်မာအလုပ်သမားညွန်ကြားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က ဆိုပါတယ်။

ဘန်ကောက် မြန်မာသံရုံး
ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ် သမားအရေးကို ဘန်ကောက်မြန်မာသံရုံးကနေ ကူညီဆောင် ရွက် ပေးတာတွေသိသိသာသာတွေ့နေရပါပြီ။ ဒီအခြေအနေကို မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မှာ တွေ့လာရတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားများ နစ်နာဆုံးရူံးမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ သံရုံးတာဝန်ရှိသူတွေက ထိုင်းအာဏာပိုင်တွေနဲ့ ညိနှိုင်းစီစဉ်နေတယ်လို့ ပြောပါတယ်။ ထိုင်းရောက် မြန်မာပြည်သားတွေကို အလုပ်သမား အခွင့်အရေးဆိုင်ရာ အသိပညာ ပေးဖို့ များစွာလိုအပ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေ သူတွေက သုံးသပ်နေကြပါတယ်။

မြန်မာသံရုံးရဲ့အဆိုအရ ယာယီပတ်စပို့ ထုတ်ပေးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ သိန်း ရှိတယ်လို့ သိရပါတယ်။ ယာယီ ပတ်စပို့်လျှောက်ထားသူလည်း ၃ သိန်းခွဲ ကျော်ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...