အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

မြေကျွံခြင်း၊ မြေသားနိမ့်ဆင်းခြင်းများကြောင့် ရန်ကုန်မြို့ မြို့နယ်အများစုတွင် သုံးစွဲနေသည့် မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို


ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ် အတော်များများတွင် သုံးစွဲနေသည့် အ၀ီစိတွင်းတူး၍ မြေအောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်
း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တော်တွင် အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင် လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊ ရန်ကုန်မြို့တွင် အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်ရှိပြီး အ၀ီစိတွင်း တူးများကာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာပါက မြေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေကျွံခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် လုံးဝမသုံးတော့ဘဲ ဖျက်သိမ်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ရန်ကုန်မှာ အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်တူးပြီး အဲဒီကနေ ရေပေးဝေနေတယ်။ အ၀ီစိတွင်းတွေက ထပ်တူးဖို့လည်း အကန့်အသတ် ရှိနေတယ်။ မြေအောက်ရေ ထုတ်ယူသုံးစွဲတာများရင် မြေကျွံတာတွေ၊ မြေနိမ့်တာတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ထပ်မတူးတော့တဲ့အပြင် လက်ရှိသုံးနေတဲ့ မြေအောက်ရေ စနစ်ကိုလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ လုံးဝကို ဖျက်သိမ်းသွားတော့မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အ၀ီစိတွင်းများမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို လုံးဝဖျက်သိမ်းသွားပါက လက်ရှိ အ၀ီစိတွင်းတူး သုံးစွဲနေရသည့် မြို့နယ်များအား ရေလှောင်ကန်များ၊ ဆည်များနှင့် မြစ်ရေကို သန့်စင်ပေးဝေသည့် စနစ်များဖြင့် ရေအားဖြည့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေအားဖြည့် ပေးဝေနိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ်များနှင့် လှိုင်သာယာ မြို့နယ်တို့ကို တစ်နေ့ရေဂါလန် သန်း ၂၀၀ ခန့်အထိ သန့်စင်ပေးဝေနိုင်မည့် လှိုင်သာယာ အနီးရှိ ကုက္ကိုဝ မြစ်ရေပေးရေး စီမံကိန်းအတွက် လေ့လာတိုင်းတာမှုများအား ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုက တစ်နှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းရေပေးဝေ သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိအ၀ီစိတွင်းတူး သုံးနေသော ဒဂုံတောင်၊ ဒဂုံမြောက် မြို့နယ်များ အတွက်လည်း လဂွန်းပြင် ဆည်ရေစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိ တစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ ပေးဝေနေပြီး မြို့နေလူထု၏ ၆၅ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့တော် စည်ပင်မှ ရေပေးဝေနိုင်သည်။

EMG
ရန်ကုန်မြို့တွင်းရှိ မြို့နယ်တစ်ခု၌ လက်နှိပ်တုံကင်အသုံးပြု၍ ရေသယ်ယူနေစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...