အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

လှိုင်သာယာတွင် အသက် (၂၀)အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွား၊ ရန်ကုန်တွင် ယခုလအတွင်း ဆွဲကြိုးချ သေဆုံးမှု (၈) ကြိမ်ရှိပြီဖြစ်

လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု မေ ၂၅ ရက် မွန်းလွဲ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုအမျိုးသားသည် အမြင့် ၁၀ ခန့်ရှိ သစ်ပင်တွင် ၎င်းဝတ်ဆင်သော ပုဆိုးကို ကြိုးကွင်းအဖြစ် အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ သံပန်းအလုပ် လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မသေဆုံးမီက ၎င်းသည် အိမ်မှ ပိုက်ဆံရှစ်သောင်းယူပြီး သုံးစွဲနေရာ ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှ တည်းခိုခန်းတွင် နေထိုင်ကြောင်း သိရှိသဖြင့် လိုက်လံခေါ်ဆောင်ခဲ့သည်။

ယင်းနောက် မိသားစုနှင့် စကားများရာ အောင်ချမ်းသာလမ်း တစ်ဝက်တွင် တစ်ဦးတည်း ချန်ရစ်ကာ ယခုလို ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ အိတ်ထဲတွင် ငွေကျပ် ၄၀၀၀၀ ကို တွေ့ရှိပြီး ၎င်းမှာ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

"ဆွဲကြိုးချ သေဆုံးတဲ့သူက ဒီရပ်ကွက်မှာ နေထိုင်သူတော့ မဟုတ်ဘူး။ ၇ ရပ်ကွက်မှာ နေထိုင်တာ။ စတွေ့တုန်းကတော့ လမ်းမှာ သူ့အဖေ၊ အစ်ကိုတွေနဲ့ စကားများတာတော့ တွေ့တယ်။ ပြီးတော့ သူက အောင်ချမ်းသာလမ်းနဲ့ မင်္ဂလာလမ်းဆုံမှာ တစ်ယောက်တည်း နေခဲ့တယ်။ သူ့အဖေနဲ့ အစ်ကိုတွေက ခေါ်လို့မရတော့လို့ ထားခဲ့တယ် ထင်တာပဲ။ ပြီးတော့ သူအောင်ချမ်းသာလမ်းထဲကို ၀င်သွားတာ တွေ့လိုက်တယ်။ ခဏကြာတော့ လူတစ်ဦး ဆွဲကြိုးချ သေနေတယ်ဆိုတာကြားလို့ လာကြည့်တော့ သူဖြစ်နေတယ်" ဟု အဆိုပါ ရပ်ကွက်နေသူ တစ်ဦးက ပြောပြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ယခုလအတွင်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှု ရှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်များအရ စုံစမ်းသိရသည်။

ထိုသို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများနှင့် ကုသ၍မရသော ရောဂါဝေဒနာ ခံစားနေရသူများ၊ စီးပွားရေးလုပ်ငန်း မပြေလည်သူများ၊ စိတ်ကျဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်များမှ လေ့လာသိရှိရသည်။

ယခုလအတွင်း မိမိကိုယ်ကို သတ်သေသူများမှာ အမျိုးသားများ အများဆုံးဖြစ်ကြောင်း သိရပြီး လူလတ်ပိုင်းနှင့် အသက်အရွယ် ကြီးသူများ ဖြစ်ကြကြောင်း သိရှိရပါသည်။

အခင်းဖြစ်ပွားရာ သစ်ပင်ကို တွေ့ရစဉ်

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...