အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 March, 2015

သံဃာတော်တွေ လိုက်ပါလာတဲ့ ယာဉ်အား မန်းရွှေမြို့တော် Express နောက်မှ ၀င်တိုက်၊ သံဃာတော်(၅)ပါး ပျံလွန်တော်မူပြီး အခြားသံဃာတော်များ ဒဏ်ရာရရှိ





အမြန်လမ်း မိုင် ၂၄၁/၁-၂ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား

၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၀၆း၁၀ နာရီခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၄၁/၁ နှင့် ၂၄၁/၂ ကြား (အသွားလမ်း)တွင် ရှမ်းပြည်နယ် နောင်မူ နေထိုင်သူ ဦးဇင်း မောင်းနှင်လာသည့် ယာဉ်အမှတ် 8G/×××× Light truck ယာဉ်သည် ရေဆူနေသဖြင့် ရေလဲပြီး ပြန်အထွက်တွင် ပြင်ဦးလွင် နေထိုင်သူ ဦးမင်းအောင်ကျော်မြင့် မောင်းနှင်လာသည့် ယာဉ်အမှတ် 9E/×××× မန်းရွှေမြို့တော် Express ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Express ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပါသည်။

Light Truck ယာဉ်ပေါ်တွင် သံဃာတော် (၂၁)ပါး၊ ကျောင်းသား (၁)ယောက်၊ စုစုပေါင်း (၂၂)ယောက် စီးနင်းလိုက်ပါလာပြီး Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် (၁၉)ယောက် စီးနင်းလိုက်ပါ လာကြပါသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် Light Truck ယာဉ်ပေါ်မှ သံဃာတော်(၅)ပါး ပျံလွန်တော်မူပြီး အခြားသံဃာတော်များ ဒဏ်ရာရရှိသဖြင့် နေပြည်တော်၊ ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

ယင်း ယာဉ်မတော်တမှုဖြစ်စဉ်ကို ဘုရားတောင် အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...