လီယွန်နယ်မက်ဆီ ၏ စံချိန်တင် ဟက်ထရစ်ဂိုးများ ဖြင့် ဘာစီလိုနာက ရာယိုဗက်လီ ကာနိုကို ၆-၁ ဂိုးပြတ်အနိုင်ရရှိပြီး စပိန်လာလီဂါထိပ်ဆုံးနေရာသို့ တက်ရောက်သွားသည်။
ဘာစီလိုနာအတွက် ပြိုင်ပွဲ အားလုံးတွင် မက်ဆီသွင်းယူခဲ့ သော ဟက်ထရစ် (၃၂)
ကြိမ်မှာ အက်သလက်တီကို ဘီလ်ဘာအိုမှ ကြယ်ပွင့်ဟောင်း တယ်လ်မိုဇာ ရာ၏ (၃၁)
ကြိမ်ကို ကျော်ဖြတ် သွားခဲ့သည်။ ထို့အပြင် လာလီ ဂါတွင် မက်ဆီ ဟက်ထရစ်သွင်း
ယူမှု (၂၄) ကြိမ်ရှိသွားပြီဖြစ်ရာ
ရီးရဲလ်မှ ရော်နယ်ဒိုထက် တစ် ကြိမ်ပိုများသွားသည်။
စနေနေ့တွင် ရီးရဲလ်ကဘီလ်ဘာအိုအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့် ခြေချော်ခဲ့ခြင်းကို ဘာကာက အပြည့်အ၀ အခွင့်အရေးယူခဲ့ပြီး ယခုအခါ မဟာပြိုင်ဘက်ထက် တစ်မှတ်သာသွားပြီဖြစ်သည်။
ဘာစီလိုနာ အိမ်ကွင်းပွဲ တွင် လူးဝစ်ဆာရက်ဇ်က ၆ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ဂိုးများ သွင်းယူခဲ့သည်။ မက်ဆီက ၅၆ မိနစ်မှ ၁၃ မိနစ်အတွင်း ဟက်ထ ရစ်သွင်းယူကာ ပီကေးက ၄၉ မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့သည်။ ဗယ်လီကာနိုအတွက် နှစ်သိမ့်ဂိုး ကို အယ်လ်ဘာတိုဗွေနိုက ၈၁ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ဗွေနိုကို ပြစ်မှု ကျူးလွန်ခဲ့သော ဒယ်နီအဲလ် ဗက်စ်လည်း အနီကတ်ဖြင့် ကွင်း ထဲမှ ထွက်သွားခဲ့ရကာ ဘာကာမှာ လက်ကျန်မိနစ်များကို ဆယ် ဦးတည်းသာ ကစားခဲ့ရသည်။
‘‘ဆွာရက်ဇ်နဲ့ မက်ဆီကြား မှာ အထူးစပယ်ရှယ်ဆက်သွယ် မှုရှိတယ်ဆိုတာ ရှင်းနေပါတယ်’’ ဟု ဘာကာနည်းပြ အင်းနရစ်က ပြောကြားသည်။ ပါရမီရှိသော ကစားသမားများကို အတူတကွ စုစည်းထားသည့်အခါ ရွေးချယ် စရာများလာသည်ဟု ၎င်းကဆို သည်။ တစ်ပွဲပယ်ပြစ်ဒဏ်ခံထားရသော နေမာကို ဘရာဇီးနိုင်ငံ သို့ အသင်းက ပြန်ခွင့်ပြုထား ကြောင်း အင်းနရစ်က ပြောသည်။ဘာကာအား ဂိုးပြတ်ရှုံးနိမ့်ခဲ့ သော်လည်း ဗယ်လီကာနိုနည်းပြ ပါကိုဂျီမက်ဇ်ကမူ မိမိတို့အသင်း ကစားပုံကို ကျေနပ်သည်ဟုပြော သည်။ ဗယ်လီကာနိုမှာ နံပါတ် ၁၁ နေရာတွင် ရပ်တည်နေသည်။ စီးရီးအေပွဲစဉ်များတွင် ဆက်ဆနာ- ပါလာမို၊ ချီယေဗို-ရိုးမား၊ပါးမား-အတ္တလန်တာပွဲစဉ်များ မှ ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့ သည်။ အမ်ပိုလီနှင့် ဂျီနိုအာပွဲမှာ လည်း တစ်ဂိုးစီသရေကျခဲ့ကာ အူဒီးနီးစ်က တိုရီနိုကို ၃-၂ ဂိုး ဖြင့် ကပ်နိုင်သွားသည်။