အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 August, 2014

ထိုင်းငါးဖမ်းစက်လှေတွင် ရောင်းချခံခဲ့ရသော ရခိုင်လူမျိုး ၁၄ဦးကို ကယ်တင်နိုင်ခဲ့ပြီး နေရပ်သို့ပြန်ပို့

ထိုင်းနိုင်ငံ မဟာချိုင်ရှိငါးဖမ်း စက်လှေတွင် ရောင်းစားခြင်းခံရပြီး အင်ဒိုနီးရှားနိုင်ငံ အွန်ဘွန်ဆိပ်ကမ်း အရောက်တွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့မှ ကယ်တင် နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြေပုံ မြို့နယ် သရက်တောင်ကျေးရွာမှ ကိုးဦးနှင့်ကမ်းထောင်းကြီးကျေးရွာ မှ ငါးဦးတို့ကို ယခုလ ၂၃ရက်တွင် ၄င်းတို့နေထိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရ သည်။ယခုကဲ့သို့ လူကုန်ကူးခံရသူ များကို အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တစ် ဆင့် တခြားဌာနဆိုင်ရာများနှင့် အဆင့်ဆင့်ချိတ်ဆက်ကာ ကယ် ဆယ်နိုင်ခဲ့ကြောင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(၅) စစ်တွေ
မြို့မှ တာဝန်ခံဒုရဲမှူး ကျော်ညွန့်က ပြောသည်။လူကုန်ကူးခံရသူများ သည် ထိုင်းနိုင်ငံရှိငါးဖမ်းသင်္ဘော ပေါ်တွင်အလုပ်လုပ်ရသည်မှာလေး လခန့်ရှိပြီး လုပ်ခလစာမရရှိသည့် အပြင် တစ်ရက်ကို ၁၆ နာရီခန့် အလုပ်ကြမ်းများလုပ်ကိုင်ရကြောင်း သိရသည်။
ထို့ကြောင့်လူကုန်ကူးခံရသူ များသည်မိသားစုနှင့်ဆက်သွယ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ လူကုန်ကူးမှု ကျူးလွန်ခဲ့သူများကို သက်သေ များမရှိသည့်အတွက်ပြည်ပအလုပ် အကိုင်ဆိုင်ရာဥပဒေပုဒ်မ(၂၆) အရ အမှုဖွင့်အရေးယူထားခဲ့သော်လည်း ယခုအခါ နစ်နာသူများကိုယ်တိုင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ(၂၅)အရ ဆက် လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးသူများနှင့် လူကုန်ကူးမှု များကို ပြည်သူများသိရှိပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၅) စစ်တွေ ဖုန်း-ဝ၄၃-၂၂၉ဝ၉နှင့် ဝ၉-၄၇ဝ၁၆ဝ၃၃တို့ သို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်းသိရသည်။

နုနုနွေ(ဓညဝတီ)
The Union Daily


အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...