မြို့မှ တာဝန်ခံဒုရဲမှူး ကျော်ညွန့်က ပြောသည်။လူကုန်ကူးခံရသူများ သည် ထိုင်းနိုင်ငံရှိငါးဖမ်းသင်္ဘော ပေါ်တွင်အလုပ်လုပ်ရသည်မှာလေး လခန့်ရှိပြီး လုပ်ခလစာမရရှိသည့် အပြင် တစ်ရက်ကို ၁၆ နာရီခန့် အလုပ်ကြမ်းများလုပ်ကိုင်ရကြောင်း သိရသည်။
ထို့ကြောင့်လူကုန်ကူးခံရသူ များသည်မိသားစုနှင့်ဆက်သွယ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ လူကုန်ကူးမှု ကျူးလွန်ခဲ့သူများကို သက်သေ များမရှိသည့်အတွက်ပြည်ပအလုပ် အကိုင်ဆိုင်ရာဥပဒေပုဒ်မ(၂၆) အရ အမှုဖွင့်အရေးယူထားခဲ့သော်လည်း ယခုအခါ နစ်နာသူများကိုယ်တိုင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ(၂၅)အရ ဆက် လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးသူများနှင့် လူကုန်ကူးမှု များကို ပြည်သူများသိရှိပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၅) စစ်တွေ ဖုန်း-ဝ၄၃-၂၂၉ဝ၉နှင့် ဝ၉-၄၇ဝ၁၆ဝ၃၃တို့ သို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်းသိရသည်။
နုနုနွေ(ဓညဝတီ)
The Union Daily