အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 June, 2014

အီတလီအသင်းရှုံးပွဲကြောင့် အင်္ဂလန်အသင်းအုပ်စုမှထွက်ရန်သေချာခဲ့


Photo: အီတလီအသင်းရှုံးပွဲကြောင့် အင်္ဂလန်အသင်းအုပ်စုမှထွက်ရန်သေချာခဲ့
Saturday, June 21, 2014

အုပ်စု(D)ရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့အီတလီနဲ့ ကော်စတာရီကာပွဲစဉ်မှာ ကော်စတာရီကာဟာ ဘရိုင်ယန်ရုဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၂)ပွဲပြတ်နိုင်ပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အုပ်စုအဆင့်နဲ့ အိမ်ပြန်ဖို့သေချာခဲ့ပြီဖြစ်ပါတယ်။

အုပ်စု(D)ပထမပွဲစဉ်မှာ အင်္ဂလန်ကိုအီတလီအနိုင်ရထားသလို ကော်စတာရီကာ ကလည်း ဥရုဂွေးကိုဂိုးပြတ်နိုင်ထားတာကြောင့် အီတလီနဲ့ ကော်စတာရီကာ ပွဲစဉ်ဟာစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အီတလီရဲ့ ကစားပုံဟာဒီနေ့ပွဲစဉ်မှာ အလွန်ဆိုးရွားခဲ့တဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်နိုင်မှုမရှိခြင်း၊ ရှေ့တန်းက ဘာလော့တယ်လီ လူပိုလိုဖြစ်နေခြင်း၊ လူကျွံဘောများဖမ်းခံနေရခြင်းနဲ့ ကော်စတာရီကာ ဂိုးသမားကလည်းအီတလီရဲ့ အပိုင်ကန်သွင်းချက်အချို့ကို ကာကွယ် နိုင်ခဲ့တာကြောင့်လည်း အီတလီဟာရုန်းကန်ခဲ့ရတာဖြစ်တယ်။ 
ဒီပွဲအတွက်တစ်လုံးတည်းသောဂိုးကိုပထမပိုင်း44မိနစ်မှာဘရိုင်ယန်ရုဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ကော်စတာရီကာအနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့လို့ အင်္ဂလန်နဲ့ နောက်ဆုံးပွဲစဉ်က အရေးမပါတော့ပေမယ့် ၁ပွဲစီနိုင်ထားတဲ့ အီတလီနဲ့ ဥရုဂွေးပွဲစဉ်ဟာ အုပ်စုဒုတိယနေရာအတွက်လုကြရတော့မှာဖြစ်တယ်။

Yangon Media Group
အုပ်စု(D)ရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့အီတလီနဲ့ ကော်စတာရီကာပွဲစဉ်မှာ ကော်စတာရီကာဟာ ဘရိုင်ယန်ရုဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၂)ပွဲပြတ်နိုင်ပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အုပ်စုအဆင့်နဲ့ အိမ်ပြန်ဖို့သေချာခဲ့ပြီဖြစ်ပါတယ်။
အုပ်စု(D)ပထမပွဲစဉ်မှာ အင်္ဂလန်ကိုအီတလီအနိုင်ရထားသလို ကော်စတာရီကာ ကလည်း

ဥရုဂွေးကိုဂိုးပြတ်နိုင်ထားတာကြောင့် အီတလီနဲ့ ကော်စတာရီကာ ပွဲစဉ်ဟာစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အီတလီရဲ့ ကစားပုံဟာဒီနေ့ပွဲစဉ်မှာ အလွန်ဆိုးရွားခဲ့တဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်နိုင်မှုမရှိခြင်း၊ ရှေ့တန်းက ဘာလော့တယ်လီ လူပိုလိုဖြစ်နေခြင်း၊ လူကျွံဘောများဖမ်းခံနေရခြင်းနဲ့ ကော်စတာရီကာ ဂိုးသမားကလည်းအီတလီရဲ့ အပိုင်ကန်သွင်းချက်အချို့ကို ကာကွယ် နိုင်ခဲ့တာကြောင့်လည်း အီတလီဟာရုန်းကန်ခဲ့ရတာဖြစ်တယ်။
ဒီပွဲအတွက်တစ်လုံးတည်းသောဂိုးကိုပထမပိုင်း44မိနစ်မှာဘရိုင်ယန်ရုဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ကော်စတာရီကာအနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့လို့ အင်္ဂလန်နဲ့ နောက်ဆုံးပွဲစဉ်က အရေးမပါတော့ပေမယ့် ၁ပွဲစီနိုင်ထားတဲ့ အီတလီနဲ့ ဥရုဂွေးပွဲစဉ်ဟာ အုပ်စုဒုတိယနေရာအတွက်လုကြရတော့မှာဖြစ်တယ်။

Yangon Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...