ပုံမှန်ကြက်ဥ ရေခဲမုန့်တွင် ထည့်သည့်အတိုင်း ထည့်သွင်းထားကြောင်း၊ မိကျောင်းဥမှာလည်း သားဖောက်မည့် ဥမဟုတ်ကြောင်း Sweet Spot စားသောက်ဆိုင် ပိုင်ရှင်များ ဖြစ်သော ဒီနိုနှင့် ဘီယန်ကာရာမော့စ်တို့က ပြောကြားသည်။ မိကျောင်းဥများကို မိမိ၏ ဦးလေးဖြစ်သူ ဒါဗေအို မိကျောင်း ဥယျာဉ်ပိုင်ရှင်ထံမှ လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိကျောင်းဥများသည် ကြက်ဥများထက် ပို၍ အာဟာရဓာတ် ပြည့်စုံပြီး မိကျောင်းဥတွင် အနှစ်ပါဝင်မှု ၈ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ ထို့ကြောင့် ရေခဲ မုန့်ပြုလုပ်ရာတွင် ကြက်ဥထက် မိကျောင်းဥကို ထည့်သွင်းပြုလုပ်ရန် စဉ်းစားမိခဲ့ခြင်းဖြစ်ကြောင်း၊ အရသာမှာလည်း ထူးကဲသည့် အပြင် ရနံ့မှာလည်း မိကျောင်းအသားနံ့ မထွက်ဘဲ ပုံမှန်ရေခဲမုန့် အနံ့သာ ထွက်ရှိကြောင်း ဒီနိုက ပြောကြားသည်။
မြ၀တီ