အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2014

ချွေးထုတ်ရင်း အပန်းဖြေမယ်

Photo: ချွေးထုတ်ရင်း အပန်းဖြေမယ်

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကျန်းမာရေးအတွက်လည်း ကောင်း မြန်မာ လူမျိုးတွေအဖို့ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံအသစ်တစ်ခု ရင်ခုန်ခံစား နိုင်မယ့် နေရာလေးတစ်ခု ညွှန်ပြလိုပါတယ်။

အဲဒီ နေရာလေးကတော့ မြောက်ဒဂုံမြို့နယ် မ၀တလမ်းဆုံမှာရှိတဲ့ Golden Park ကိုရီးယားချွေးထုတ်ခန်းနဲ့ SPA ပါ။ ချွေးထုတ်ခန်းလို့ဆိုလိုက်တာနဲ့ ကျွန်ုပ်တို့ မြန်မာလူမျိုးတွေက ပြောကြမှာပါ။ ဒီမှာအလိုလိုနေ ရင်းတောင် ချွေးထွက်နေတာ။ ချွေးထုတ်ခန်းသွားပြီးထုတ်စရာ မလိုဘူးလို့။

တကယ်တော့ မတူပါဘူး။ လူတွေကြားထဲ တိုးဝှေ့ရင်း၊ ဘတ်စ်ကားတိုးစီးရင်း ချွေးတွေ ထွက်တာက ပင်ပန်းညောင်းညာ စေပါတယ်။ နည်းစနစ်ကျတဲ့ ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်း တွေနဲ့ ချွေးထုတ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ချွေး ပုပ်တွေထွက်ပြီး တကယ်ကို ပေါ့ပါးလန်းဆန်း၊ အညောင်း အညာ ပြေစေပါတယ်။

Golden Park ချွေးထုတ်ခန်း နဲ့ SPA မှာတော့ ကိုရီးယားနည်း ပညာတွေနဲ့ စနစ်တကျ ပြုလုပ်ထားတဲ့ ချွေးပေါင်းခန်းတွေ၊ ရေပူ ရေအေးကန်တွေ၊ ချွေး ပေါက်ကျယ်မှုတွေကို ပျောက်စေ မယ့် အအေးခန်းတွေကို ကျန်းမာရေးနဲ့ အညီ စီမံဆောင်ရွက်ထား ပါတယ်။

အဲဒီကိုရီးယားချွေးထုတ်ခန်း ကို ရောက်ပြီဆိုတာနဲ့ ကောင်တာမှာ ချွေးထုတ် ခန်းထဲဝင်မယ့် အ၀တ်အစားနဲ့ ကိုယ်ဝတ်လာတဲ့ အ၀တ်တွေကို သိမ်းဆည်း ထားမယ့် သေတ္တာသော့တောင်း ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေချိုးအ၀တ် အစားလဲပြီး ချွေး ထုတ်ခန်းထဲကို ၀င်နိုင်ပါပြီ။

အထဲမှာတော့ လူဦးရေ ၄၀၀ ကျော်လောက်ဆံ့တဲ့ ခန်းမကျယ်ကြီးမှာ လွတ်လပ်စွာ နားနိုင်ပြီး အမျိုးအစား လေးမျိုးခွဲထားတဲ့ ချွေးပေါင်းခန်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

မြေနီမြေစေးချွေးထုတ်ခန်း၊ ကျောက်မီးသွေးချွေးထုတ်ခန်း၊ ဆားကျောက် ချွေးထုတ်ခန်းနဲ့ ချွေးပေါက် ကျဉ်းလိုသူတွေအတွက် ရေခဲကျောက် အအေး ခန်းတို့ထားရှိပြီး ကြိုက်နှစ်သက်ရာ အခန်းတွေကို ကြိုက်သလို အသုံးပြုနိုင်ပါ တယ်။

ချွေးပေါင်းခန်းထဲကို ၀င် မယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ၀င်ရမှာပါ။ ပြီးရင် ချွေးပေါင်းခန်း အပြင်ဘက် ခန်းမကျယ်ကြီးမှာ နားနားနေနေ နေနိုင်ပါတယ်။

ချွေးထုတ်ခန်းအပြင်ဘက် မှာလည်း နားနားနေနေနေရင်း စားသောက်နိုင်တဲ့ ဘားတစ်ခုနဲ့ စားသောက်ဆိုင်တစ်ခုလည်း ရှိပါတယ်။ ဒါပေမဲ့ စားသောက်စ ရာတွေကို ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်းထဲကို ယူပြီးစားလို့ မရပါဘူး။

အခန်းထဲမှာစားလို့၊သောက် လို့ရတာ တစ်ခုပဲ ရှိပါတယ်။ ကြက်ဥပြုတ်နဲ့ ရေပါ။ အဲဒီမှာ ကိုရီးယားကြက်ဥပြုတ်နဲ့ မြန်မာ ကြက်ဥပြုတ်ကို ရောင်းချ ပေးပါတယ်။ ကြက်ဥပြုတ်စားရင်း ချွေးထုတ်ရတဲ့ ကိုရီးယားတွေရဲ့ စတိုင်ကို အပြည့်အ၀ ခံစားရမှာပါ။

ချွေးပေါင်းခန်းထဲ ၀င်လိုက်၊ အပြင်မှာရေသောက်လိုက် အေးအေးဆေးဆေး နားလိုက်နဲ့ အ ဆင်ပြေပြေ သက်သောင့်သက်သာ နားနေနိုင်မှာပါ။ အိပ်စက် နားလိုသူများအတွက်လည်း အိပ်ခန်းတွေ ထားရှိပေးထားပြီး ယောက်ျား၊ မိန်းမ ခွဲပေးထားပါတယ်။

Golden Park ချွေးထုတ်ခန်းကို ၀င်မယ်ဆိုရင် ၀င်ကြေးနှစ်မျိုး ရှိပါတယ်။ ရေချိုးခန်းနဲ့ ရေပူရေအေးကိုသာ သီးသန့်အသုံးပြုတဲ့ဈေးနဲ့ ရေချိုးခန်း၊ ရေပူရေအေး၊ ချွေးပေါင်းခန်းကို တွဲအသုံးပြုတာမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ တော်တော်များများကတော့ တွဲသုံးကြပါတယ်။

လူကြီးတစ်ဦးလျှင် ၀င်ကြေး ၇၀၀၀၊ ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ကြိုက်သလောက် နေလို့ရပါတယ်။ ဖွင့်ချိန်ကတော့ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိပါ။

ည ၁၀ နာရီနောက်ပိုင်းမှာတော့ ညကြေးယူပါတယ်။ မနက် ၃ နာရီပိတ်သည် အထိ တစ်ညလုံး ၁၀၀၀၀ ကျပ် သတ်မှတ် ပေးထားပါတယ်။

ထူးခြားတာက မိသားစုအလိုက် သွားမယ်ဆိုရင် ကလေးတွေ အတွက်က တော့ ငါးနှစ်အောက် ကလေးငယ်တွေကို အခမဲ့ အသုံးပြုခွင့်ပေးပါတယ်။ ငါး နှစ်ကနေ ရှစ်နှစ်ထဲမှာရှိတဲ့ ကလေးကိုတော့ ကျပ် ၁၀၀၀၊ ၂၀၀၀ သတ်မှတ်ပါ တယ်။

ရှစ်နှစ်နဲ့အထက် ကလေးကိုတော့ ကျပ် ၃၀၀၀၊ ၅၀၀၀ သတ်မှတ်ထားပါ တယ်။

အဓိက ညွှန်ပြချင်တဲ့ အချက်ကတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ ကိုရီးယားနိုင်ငံရဲ့ အငွေ့အသက်ကို ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်နေပြီး ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် ညွှန်ပြရတာပါ။ အဲဒီနေရာလေးက တကယ်ကို စိတ်ခံစားမှုအသစ် ပေးစွမ်းနိုင်မှာသေချာပါတယ်။

Golden Park မှာ ချွေး ထုတ်ခန်း၊ SPA အပြင် Beauty Salon, Silk Care နဲ့ ကိုရီးယား အလှပြင်ပစ္စည်းတွေ၊ ကိုရီးယား အားကစားပစ္စည်းတွေ၊ ရေခဲ တောင်တက်ပစ္စည်းတွေကို ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတာမို့ အလှလည်း ပြင်ရင်း ဈေးဝယ်လည်း ထွက်လို့ရပါတယ်။

အဲဒီမှာရှိတဲ့ စားသောက် ဆိုင်နဲ့ ဘားမှာလည်း တရုတ်၊ ကိုရီးယား၊ ဥရောပ အစားအ စာများရောင်းချပေးပြီး သောက် စရာအနေနဲ့ ဘီယာစတဲ့ အဖျော် ယမကာတွေကို ရောင်းပေးတဲ့ အတွက် သောက်တတ်သူတွေ အဖို့ အဆင်ပြေ လှပါတယ်။

ဒါကြောင့် ကိုရီးယားလူမျိုးတွေ ကိုယ်တိုင်စနစ်တကျ တည်ဆောက်ထားပြီး ကိုရီးယားနည်း ပညာတွေကိုသာ သုံးထားတဲ့ မြောက်ဒဂုံ မ၀တ လမ်းဆုံအနီး ရှိ ပင်လုံလမ်းမကြီးပေါ်မှာရှိတဲ့ Gol−den Park Spa ကို သွားရောက်ဖို့ ညွှန်ပြ လိုက်ပါတယ်။

ကဲ ဒီတစ်ပတ်ရဲ့ ပိတ်ရက်မှာတော့ မိုးအေးအေးလေးနဲ့ အိမ်မှာနှပ်ပြီး အကြောတက်နေမယ့်အစား ကိုရီးယား ချွေးထုတ်ခန်းသွားပြီး အညောင်း အညာပြေ အိပ်ကောင်းစားကောင်းအောင် လုပ်ဖို့အတွက် တိုက်တွန်းလိုပါ တယ်။

7daydaily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...