ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန်၅လမ်း တွင်ရှိသော ရေခဲအရောင်းဆိုင်တွင် အဓမ္မလုပ်အားခိုင်းစေပြီး ကြိုးတုတ်၍ရိုက်နှက်သည့်မြန်မာပွဲစားအားဖမ်းဆီးကာ လူကုန်ကူးခံနေရသည့် မြန်မာအလုပ်သမား၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင် လိုက်သည်။
မွန်ပြည်နယ်၊ သိမ်ဇရပ်မှ အသက်၂၀အရွယ် မျိုးမင်းအောင်၊ အသက် ၁၉နှစ်အရွယ် ဝေဇင်ထက် နှင့် အသက်၁၈နှစ်အရွယ် ကျော်ဇင်ထိုက်
တို့သုံးဦး တို့အား တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ သာပေးဆပ်ရမည် ဟုဆိုကာ ပွဲစား ချစ်ပိုလင်း ဆိုသူက ယောက္ခမ ဖြစ်သူ ဒေါ်ဌေးဌေး အား တစ်ရပ်ကွက်တည်း နေထိုင်ကြသည့် အဆိုပါ ကလေး၃ဦးနှင့်အတူ အခြားကလေး၃ဦး(စုစုပေါင်း ၆ဦး) တို့အား ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ယူခဲ့သည်ဟု အလုပ်သမားများကပြော သည်။

၂လခွဲကျော်ကြာ အလုပ်လုပ်နေ စဉ်ကာလအတွင်း နေ့စဉ် နံနက် ၄နာ ရီမှ အိပ်ရာထရကြသည်။ ပွဲစားနှိုး၍ ချက်ချင်းအိပ်ရာမှ မထပါက အိမ်သာ ထဲမှ ရေခပ်၍ မျက်နှာများကိုလောင်း ၍ နှိုးသည်။ နံနက်စာ တစ်စုံတစ်ခု မစားရပဲ တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့အလုပ်လုပ်ခဲ့ရပြီး မွန်းလွဲ ၁နာရီတွင်မှနံနက်ထမင်းစားရသည်။ ညနေ၇နာရီကျော်အလုပ်သိမ်းပြီးနောက်
ပိုင်းမှ ညနေစာထမင်းစားကြရသည်ဟု အလုပ်သမားများကဆိုသည်။ မူလက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ ပေးရမည်ဟုပြောဆို၍ ခေါ်ယူခဲ့ သော်လည်း လမ်းစရိတ် ဘတ်ငွေ၂၅,၀၀၀ ပေးရမည်ဟုပွဲစားက ပြောဆို
ထားကြောင်း အလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် မေလ ၈ ရက်စနေနေ့ညနေ က မျိုးအောင် ဆိုသည့်အလုပ် သမားငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက် မှုကို မခံနိုင်တော့သဖြင့် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူ ညီတောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ် ဖွဲ့AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးေ နာက် နကပထုန် လ၀ကရုံးတွင် လိုအပ်သည့် စစ်ဆေး ချက်များကိုယူခဲ့ကြ သည်။ ယနေ့တွင် တရားရုံးမှဖမ်းဝရမ်းရရှိပြီး နေ့လည်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ သည်။
ပွဲစား ချစ်ပိုလင်း သည် အသက် ၁၉ နှစ်အရွယ် ဝေဇင်ထက် အား ဘယ်လက်ကောက်ဝတ်အား ပြူတင်းပေါက်တွင်ကြိုးချည်ပြီး ယာလက်ေ ကာက်ဝတ်ကို ၀ရံတာတွင် ကြိုးစည်းအောင်ချည်နှောင်းပြီး ဓါတ်ကြိုးဖြင့် ရိုက်နှက်ခြင်း နံစောင်းအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာအား လက်သီးဖြင့် ထိုးနှက် နှိပ်စက်သဖြင့် ဒဏ်ရာများရရှိခဲ့သည်။
ဝေဇင်ထက် က “ ကျနော်ခုထိ စကားမပြောနိုင်ဘူး။ လက်တွေလည်း နာနေတယ်။ ဘာကိုင်လို့မှမတွေ့ဘူး ဖြစ်နေတယ်။ ဘေးစပ်ကလည်းအောင့်
နေပါတယ်။ ကျနော့်ကို မြန်မြန်ပြန်ပို့ပေးပါခင်ဗျာ” ဟု ငိုပြောချာသည်။
ပွဲစားသည် အခြား၂ဦး ကိုလည်း လက်သီးဖြင့် ထိုးဖူးေ ကြာင်း အချိုရည် ပုလင်းများဖြင့် မကြာမကြာ ပစ်ပေါက်လေ့ရှိ
ကြောင်း ထမင်းကျွေးလျှင်လည်း မြိုဆို့ ဟူ၍ အယုတ္တ အနတ္တ ဆဲ ဆိုကြောင်း အလုပ် သမားများ က ပြောသည်။

အဓမ္မခိုင်းစေ ခံခဲ့ရသူ၃ဦး တို့အား မြို့နယ် အလုပ် သမား ဌာနမှ ၇၅ ရက်စာ လုပ်အားခ အတွက် စားစရိတ်နုတ်ပြီး ရှင်းေ ပးခဲ့ပြီး သက်သေထွက်ဆိုရန် အ တွက် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲသို့ပို့ဆောင်လိုက်သည်။ အကြမ်းဖက်ရိုက်နှက်သည့် ပွဲစားကိုမူ၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှု တို့ဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း AHTD ကပြောသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းအကျိုးစီးပွားအတွက်
လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်းလုပ်ငန်းရှင်က အပြည့်အ၀ကာကွယ်ပေးတယ်
ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့ အဓမ္မခိုင်းစေသူတို့နဲ့အကြမ်းဖက်သူ
တွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေက ပျော့တယ်။ ကျနော်တို့နဲ့အတူ မြန်မာ
အစိုးရကလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတော့ ကျနော်တို့ အလုပ်လုပ်ရတာ
အတော်ပဲ ခက်ခဲပင်ပန်းပါတယ်” ဟုပြောသည်။