အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 March, 2014

Skymark လေကြောင်းလိုင်းဟာ လေယာဉ်မယ်တွေကို စကပ်တို ၀တ်ခိုင်းလို့ ဝေဖန်ခံနေရ


ဂျပန် နိုင်ငံမှာရှိတဲ့ လေကြောင်းလိုင်း တစ်ခုဟာ လေယာဉ်မယ်တွေကို စကပ် တိုတို ၀တ်ဆင်ခိုင်းခဲ့ လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။ Skymark လေကြောင်းလိုင်းဟာ မကြာမီ စတင်ပြေး ဆွဲမယ့် ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ ဟာနီဒါ- ဖူကူအိုကာကို သွားမယ့် လမ်းကြောင်းမှာ လေယာဉ် မယ်တွေကို စကပ်တိုတို ၀တ်ဆင်စေမှာ ဖြစ်ပါတယ်။
ဒီလို ပြုလုပ်ခြင်းဟာ လေယာဉ်မယ် တွေရဲ့ အလုပ်အပေါ်များစွာ ထိခိုက်မှုရှိ လာလိမ့်မယ်လို့ ဂျပန် နိုင်ငံရှိ လေယာဉ်စီး ခရီးသည်များကို ပြုစုစောင့်ရှောက် သူများ အဖွဲ့ အစည်းက ထောက်ပြခဲ့ပါတယ်။
စကပ်တိုတို ၀တ်ဆင်ရခြင်းကြောင့် အနေအထိုင်အသွား အလာအပေါ် သတိထား နေရတဲ့အပြင် လိင်အသားပေး ၀တ်ဆင်မှုဖြစ်တာမို့ ခရီးသည် တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်တယ်လို့ အဆိုပါအဖွဲ့ က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စကပ်တိုတို ၀တ်ဆင်ထားခြင်းကြောင့် လေယာဉ်မယ် တွေရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်နေပြီး၊ မိုဘိုင်းဖုန်းတွေနဲ့ ခိုးရိုက်ကူးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအပေါ် ချိုးဖောက်ရာ ရောက်နေကြောင်း သိရပါတယ်။
ဒါပေမဲ့ Skymark လေကြောင်း လိုင်းတာဝန် ရှိသူတွေကတော့ စကပ်တိုတို ၀တ်ဆင်ခိုင်းခြင်းနဲ့ ပတ်သက်ပြီး ကာကွယ်မှုတွေပြု လုပ်သွားခဲ့ပါတယ်။ Skymark လေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က““ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးမှု မရောက်ရှိသေးပါဘူး။
ကျွန်တော်တို့ကလည်း ဒီအစီအစဉ်ကို ခြောက်လလောက်ပဲ ပြုလုပ်သွားမှာ ဖြစ်တာမို့ ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ပါဘူး””လို့ ဖြေရှင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း သြစတြေးလျ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qantas ဟာ လေယာဉ်မယ်တွေကို ဆွဲဆောင်မှု ရှိစေဖို့ စကပ်တိုတိုနဲ့ ကိုယ်ကျပ်အင်္ကျီတွေ ၀တ်ဆင်ခိုင်းလို့ ဝေဖန်မှုခံခဲ့ရကြောင်း သိရသည်။
Myanmar News Media

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...