ကျောင်းသား မိဘများနည်းတူ ရွှေမှုံရတီရဲ့ မိခင် ဒေါ်မော်မော်ခိုင်ကလည်း သမီးဖြစ်သူရဲ့ စာမေးပွဲဖြေ ဆိုပြီးချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ကိုယ့်သားသမီးတွေ စာမေးပွဲ ဖြေဆို နေတဲ့ အချိန်မှာ မိဘ များက စိတ် လှုပ် ရှားလျက်ရှိပါ တယ်။ အချိန်ပြည့်လို့ စာမေးပွဲခန်းအတွင်း မှကျောင်းသား ကျောင်း သူများ ထွက်လာ ချိန်မှာတော့ မိဘများက ကိုယ့်သားသမီးများကို ဖြေဆိုတဲ့ ဘာသာရပ်များ နဲ့ ပတ်သက်ပြီး ပူပန်စွာမေးမြန်းနေမှုများကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ရွှေမှုံရတီက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခဏနားထားပြီး ၂ဝ၁၄ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုနေပါတယ်။ မတ်လ ၁၂ ရက်နေ့မှာ စ
ဖြေရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမဆုံးနေ့ ဖြေဆိုမှုအပေါ် ရွှေမှုံရတီက
" ဒီစာမေးပွဲက အကြီးကြီးဆိုတော့လေ ရင်တွေတုန် တယ်။ ကျောင်းပေါင်းစုံက လည်းလာဖြေတာဆို တော့ စိတ်လှုပ်ရှားတာကတော့ တအားဖြစ်တာပေါ့။ စာမေးပွဲမဖြေခင်ကလည်း စိတ်တွေ လှုပ်ရှားရသလို၊အခုလို တစ်ဘာသာဖြေ ပြီးပြန်တော့ သက်ပြင်း တစ်ခါချသွားပြီးပြီဆို တော့ နောက်ထပ် ငါးခါချဖို့ ကျန်သေးတယ်ဆို တော့ မပြီးသေးဘူးလေ။ တစ်ဘာသာ အောင်ရုံနဲ့ မပြီးတော့ ကျန်တဲ့ဘာသာတွေ အတွက်ပါ စိတ်လှုပ်ရှားပြီး အကောင်းဆုံးကြိုးစားနေပါတယ်။
ဒီနေ့စဖြေတဲ့ မြန်မာစာအတွက်လည်းဂုဏ်ထူးမှမရတာဘယ်လိုမှ ကျေနပ်မှုမရှိဘူးလို့ ခံစားမိတယ်။ စိုးရိမ်တဲ့ဘာသာက Eco တစ်ဘာသာပဲရှိပါတယ်။ ကျန်တာတော့ သိပ်မကြောက်ပါဘူး။ ဟိုးအရင်အနုပညာ အလုပ်တွေ မလုပ်ခင်ဒီပညာရေးဘက်ကို ဦးစားပေး ဖြစ်မယ်ဆိုရင် ငါ ပညာတတ်ဖြစ်အောင် လုပ်မယ်လို့ စဉ်းစားတယ်။ ဒါပေမဲ့ ခု ဒီအနုပညာအလုပ်တစ်ဖက်နဲ့ဆိုတဲ့ အခါကျတော့ ငါတတ်နိုင်သမျှ ကြိုးစားပြီး ဒီဘာသာကို ရအောင်လုပ်ရမယ်။ တတ်နိုင်သမျှအောင်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်တစ်ခုကိုလည်း စာမေးပွဲမဖြေခင်က တည်းက တွေးထားတယ်" လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Popular Journal