အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 March, 2014

မြစ်ဆုံအထိ လမ်းလျှောက်သူတွေ ကြို့ပင်ကောက်မြို့ကို ရောက်ရှိ



ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ၂၃ရက်နေ့က ရန်ကုန်မြို့ကနေ မိုင်ပေါင်း ၁၆၀၀ လမ်းလျှောက် တောင်းဆိုကြ တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဟာ ဒီနေ့ညနေမှာ ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့ကို ရောက်ရှိ လာပါတယ်။
မူလရန်ကုန်မြို့က စထွက်ခွာစဉ်က လမ်းလျှောက်သူ ၁၀၀ နီးပါး ရှိခဲ့ပြီး လမ်းခရီးတစ်လျှောက်က ဒေသ ခံတွေ ပူးပေါင်းလိုက်ပါလာကြတဲ့အတွက် လူအင်အား ၂၀၀ နီးပါး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု တာဝန်ခံ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ ပူးပေါင်းလာကြတာ လူအင်အား ၂ဝဝ ကျော်လာပါပြီ၊ ဒီနေ့ညတော့ ကြို့ပင်ကောက်မှာ၊ မြို့သူမြို့သားတွေကိုတော့ ဒီဧရာဝတီမြစ်ကြီးပေါ်မှာ ဒီစီမံကိန်းကြီး ဆောက်လုပ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဘာဖြစ်ပေါ်လာမလဲ ဆိုတာကတော့ ပြောပြဖို့ ရှိတယ်”

အဲဒီအဖွဲ့ဟာ ရန်ကုန်ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ လမ်းလျှောက်ကြ မှာဖြစ်ပြီး ရက်ပေါင်း ၁၂၀ လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ ခရီးစဉ်တလျှောက် သူတို့နားတဲ့ မြို့တိုင်းနီးပါးလောက်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...