ထူးအိမ်သင်ရဲ့ လွဲလွဲလေးပဲ ကောင်း ပါတယ်ဆိုတဲ့သီချင်းစာသားလေးလို
ကမ္ဘာ့ဘောလုံးပွဲကြီးတွေထဲက ရယ်စရာ လွဲချော်မှုတွေကို စုစည်းထားတဲ့ ဗွီဒီယို
မှတ် တမ်းတခုပါ။ယူကျုမှာတော့ ကြည့်ရှုကြိမ်ရေပေါင်း ၃ သန်းခွဲကျော် ရှိနေပါပြီ။ နာမည်ကြီး
ပရော်ဖက်ရှင်နယ် ဘောလုံး သမားတွေ ဖြစ် လင့် ကစား
အမှားအလွဲမကင်းနိုင်ဘူးဆိုတာ ဒီ ဗွီဒီယိုကလေးကြည့်ရင်း ပြုံးပြီး လက်ခံ
သဘောတူမယ်လို့ ထင်ပါတယ်။
တခါတရံ အင်မတန် တိကျသေချာပါတယ်ဆိုတဲ့ ဒိုင်ဖြစ်သူဟာလည်း
လွဲချော်ဆုံးဖြတ်တာမျိုး ရှိသလို အလွန် သန့်ရှင်းပါ တယ်ဆိုတဲ့
ကစားသမားဟာလည်း အမှတ်မထင် ညစ်ပတ်သလိုဖြစ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။
ဒါတွေဟာ သူ့အကြောင်းနဲ့သူ ဖြစ်တတ်တာမို့ အဲဒီအခိုက်အတန့်၊ အချိန်တွေမှာ
အရေးတကြီးဖြစ်စဉ်တွေ အဖြစ် သတ်မှတ် ခဲ့ကြပေမယ့် အခုလို
ပြန်ကြည့်လိုက်တဲ့အခါ ရယ်စရာလေးအဖြစ် ခံစားလို့ရမှာပါ။
တခါတလေ လောကီ လူ့ဘဝ အမောတွေကို အခုလို ရယ်စရာလေးတွေနဲ့ စိတ်ကို
ပြေလျော့စေမယ့် အပန်းဖြေ နည်းလမ်း ကောင်းလေးတွေက ဆေးဖက်ဝင်မယ်လို့
ယုံကြည်ပါတယ်။