အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

UMFCCI အလုပ်အမှုဆောင်နှင့် ဗဟိုအမှုဆောင်များ ရွေးချယ်ပွဲ ယခုလ ၁၅ ရက်နေ့ ကျင်းပမည်

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အလုပ်အမှုဆောင်နှင့် ဗဟိုအမှုဆောင်များ
ရွေးချယ်ပွဲကို ယခုလ ၁၅ ရက်နေ့တွင် အသင်းအဖွဲ့ မှတ်တမ်းများ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း UMFCCI က သတင်းထုတ်ပြန်သည်။
ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး စနစ်တကျ ရှိစေရန်အတွက် အတွေ့အကြုံ များသော ပြင်ပပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့်
ရွေးကောက်ပွဲကော်မရှင်က ဦးဆောင် ကျင်းပပေးမည် ဖြစ်ကြောင်း၊ အသင်းအဖွဲ့ မှတ်တမ်း၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီပြီး အသင်းဝင်သက်တမ်း တစ်နှစ်ရှိပြီးသည့် အသင်းသားတိုင်း (တွဲဖက် အသင်းသားနှင့် ဂုဏ်ထူးဆောင်အသင်းသား များမှအပ) အသင်းအမှုဆောင် အဖြစ် ရွေးချယ်ခံခွင့် ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UMFCCI သို့ ယခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ ဝင်ရောက်ထားသော အသင်းသားတိုင်း ရွေးကောက်ပွဲ တက်ရောက်မဲပေးခွင့် ရှိကြောင်း၊ မဲစစ်ဆေးသည့် စနစ်၊ ရွေးချယ်အတည်ပြုသည့် စနစ်များကို
ရွေးကောက်ပွဲကော်မရှင်၏ ဦးဆောင်မှုဖြင့် လွတ်လပ်သည့်ပြင်ပ
Audit Firm ကတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...