တရုတ်ပြည် တောင်အလယ်ပိုင်း Hunan ပြည်နယ်၊ Changsha မြို့ မှာ တည်ဆောက်မယ့် မိုးမျှော်အဆောက်အအုံ ဖြစ်ပါတယ်။ အမြင့်ပေ ၂၇၄၉ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကြီး တစ်ခု
ဖြစ်လာမှာပါ။ အထပ်ပေါင်း ၂၂၀ ပါဝင်ပါတယ်။ ယခုနှစ်ဇွန်လ မှစတင်တည်ဆောက်ပြီး ၇
လအတွင်း အပြီးသတ်ဖို့ ယာထားပါတယ်။ ကုမ္မဏီက Broad Sustainable Building
ဖြစ်ပါတယ်။ တရုတ်ပြည်က ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုပါ။ ၄၈ နာရီအတွက် ၁၅ ထပ်ဟိုတယ် အပြီးဆောက်တဲ့ ရာဇဝင် ယင်းကုမ္မဏီ မှာ ရှိပါတယ်။
သို့ပေမယ့် အရည်အသွေးကိုလည်း အာမခံ ထားပါတယ်။ လူအင်အားအများအပြားနဲ့
ပစ္စည်းအရည်အသွေးကို အခြေခံပြီး အသုံးချ သွားတာပါ။ ယခုဆောက်မယ့်
မိုးမျှော်အဆောက်အအုံ ကြီးဟာ လည်း မြေ ငလျင်ဒဏ် 9 မဂ္ဂနီကျုအား
ခံနိုင်စေမယ်လို့ ဆိုပါတယ်။ ကုန်ကျ စရိတ်ကို အမေရိကန်ဒေါ်လာ ၆၂၈ သန်း
ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
--
Ref: wiki
International news for myanmar