အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 June, 2013

RNDP နှင့် ALD ပေါင်းစည်းရေး ဖြစ်နိုင်ခြေများ ( ပေါင်းစည်းရေး အထူး)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP) နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) တို့၏ ပေါင်းစည်းရေးမှာ ဖြစ်နိုင်ခြေများနေကြောင်း နှစ်ဘက် ပါတီ ထိပ်တန်း ခေါင်းဆောင်များက နိရဉ္စရာသို့ ပြောသည်။ယနေ့ ညနေပိုင်းက ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အခြေအနေက ပေါင်းစည်းဖြစ်ဖို့ အခြေအနေများ ပါတယ်။ နှစ်ဘက်စလုံးက ပေါင်းစည်းရေးကို လိုလားနေတဲ့ အတွက် ဖြစ်နိုင်ခြေများနေပါတယ်” ဟု ပါတီ ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ဆက်လက်ပြီး ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး အလားအလာ မည်သို့ ရှိပါသလဲဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူးလည်းဖြစ်၊ ပေါင်းစည်းရေး အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက်မည့်သူလည်း ဖြစ်သော ဦးသာထွန်းလှအား ညနေပိုင်းက မေးကြည့်ရာ သူက ယခုလို တုန့်ပြန်ပြောကြားသည်။

“ ပေါင်းစည်းရေး အလားအလာက ကောင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဆိုသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပေါင်းစည်းရေး အပေါ် ပြည်တွင်းရှိ ရခိုင်များသာမက ကမ္ဘာ အရပ်ရပ်သို့ ရောက်နေကြသော ရခိုင်အမျိုးသားများက အထူးစိတ်ဝင်တစားရှိနေကြပြီး ပေါင်းစည်း ဖြစ်ပါက ထောင်သောင်းချီသော ရခိုင်အမျိုးသားများ အဖွဲ့ဝင်များ အဖြစ် ပူးပေါင်း ပါဝင်လာနိုင်ကြောင်း ရခိုင် အရေး လေ့လာသုံးသပ်သူများက ပြောသည်။

နိရဉ္စရာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...