ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ
မထသ(ဗဟို)လက်အောက်မှ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များအတွက် CNG ကုဗပေ
တစ်သန်းချထားပေးမှုနှင့်အတူ မြို့တွင်းခရီးသွားလာမှု အဆင်ပြေစေရန် လိုင်းကား
အစီးရေ (၁၂၈)စီးအား ထပ်မံ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
သဘာဝဓာတ်ငွေ့(CNG)ဖြင့် မောင်းနှင်သည့် ယာဉ်အစီးရေ (၁၂၈) စီးအား ထုတ်ပေးသွားမည်ဟု မထသ (ဗဟို)သို့ ဇွန်လ (၄) ရက်နေ့၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)က အကြောင်းကြားထား ကြောင်း မထသ (ဗဟို)က ဆိုသည်။
"ခရီးသွားပြည်သူတွေသွားလာမှု အဆင်ပြေဖို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) ကလည်း မော်တော်ယာဉ်လိုင်းများအတွက်ကို CNG ကုဗပေ တစ်သန်းကိုချပေးလိုက်တော့ ယာဉ်လိုင်းတော်တော်များများ က ကားအသစ်တွေသွင်းပြီး ပြေးဆွဲဖို့ လုပ်လာကြတာပါ။" ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ပြေးဆွဲရန် ချထားပေးသောယာဉ်လိုင်းများတွင် ကျပ်(၂၀၀) တန် အထူးယာဉ်လိုင်းများမှ ကျပ် (၅၀) တန် ရိုးရိုးယာဉ်လိုင်းများ အားလုံးပါဝင်သည်ဟု သိရသည်။
"ရန်ကုန်မြို့မှာ တစ်ခါတစ်ခါ ကားစီးရဖို့က မလွယ်ဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိတော့ သွားရတာ အဆင် မပြေဘူး။ ကျွန်မတို့ရဲ့ အချိန်တော်တော်များဟာ လိုင်းကားတွေပေါ်မှာပဲ အတော်ကြာအောင် အချိန်ကုန် နေရတယ်။ ရုံးဆင်းချိန်ဆိုရင် ပိုဆိုးသေးတယ်။ ပြည့်ကျပ်ပြီး တိုးထွက်လို့တောင်မလွယ်ဘူး။ "ဟု ရန်ကုန်မြို့ အတွင်းမှ ခရီးသွားတစ်ဦးက ပြောသည်။
CNG ကုဗပေ တစ်သန်းချထားပေးမှုကြောင့် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ပြီး ခရီးသွားပြည်သူများ၏ ယာဉ်လိုင်းများပေါ်တွင် အချိန်ကုန်ခြင်းကို လျော့နည်းနိုင်မည်ဖြစ်ပြီး ခရီးသည်များမှာ သက်တောင့် သက်သာဖြင့် စီးနင်းနိုင်ရန်အတွက် ရည်ရွယ်သည်ဟု မ.ထ.သ(ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ဆိုသည်။
CNG ဓာတ်ငွေ့ ချထားပေးမှုကြောင့် CNG ရရှိရန် အသစ်တင်သွင်းလာသည့် ဘတ်စ်ကား (၂၄၀) စီး၊ လာရောက် လျှောက်ထားပြီး အခြားကားများကို အထောက်ထား လိုအပ်ချက်များ ရှိနေသေးသောကြောင့် (၁၂၈) စီးကိုသာ ခွင့်ပြုခဲ့ရခြင်းဖြစ်ကြောင်း ဘတ်စ်ကားတစ်စီးအား တစ်ရက်လျှင် ခွဲတမ်းဖြင့် လီတာ ၄၈၀ ထုတ်ပေးမည်ဖြစ်ကြောင်း မထသ (ဗဟို)မှ သိရသည်။
မ.ထ.သ (ဗဟို)မှ တိုးချဲ့ ချထားပေးသော ယာဉ်လိုင်းအချို့မှာ (၅၇)ယာဉ်လိုင်းတွင် သုံးစီး၊ (၄၃)ယာဉ်လိုင်း တွင် တစ်စီး၊ အနောက်ပိုင်းခရိုင်ယာဉ်လိုင်းမှ နှစ်စီး၊ တောင်ပိုင်းခရိုင်ယာဉ်လိုင်းမှ
နှစ်ဆယ့်နှစ်စီး၊ မြောက်ပိုင်း ခရိုင်ယာဉ်လိုင်းမှ နှစ်ဆယ့်လေးစီး၊
ကန္ဒာရဝတီ ယာဉ်လိုင်းမှ ဆယ်စီး၊ ရွှေမြင်းပျံ ယာဉ်လိုင်း မှ ရှစ်စီး၊
ရွှေရန်ကုန်ယာဉ်လိုင်းမှ ငါးဆယ့်ရှစ်စီး စသည်တို့ အပြင် သီဟဒီပယာဉ်လိုင်း၊
ပြည့်မဏ္ဍိုင်ယာဉ်လိုင်း၊ သီဟရာဇာ ယာဉ်လိုင်းများအပါဝင် (၁၂၈) စီး
ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
မ.ထ.သ ဗဟိုလက်အောက်တွင် အပ်နှံပြီး ယာဉ်စီးရေ (၁၂၅၈) စီး၊ ပြန်လည်ရောက်ရှိလာသည့် ယာဉ်စီးရေ (၂၁၅) စီးနှင့် ရန်ကုန်မြို့တွင်းတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ယာဉ်လိုင်း အဖွဲ့အစည်း (၁၇) လိုင်း၊ ယာဉ်လိုင်း (၃၈၆) လိုင်း၊ ယာဉ်စီးရေ (၆၁၇၉) စီး၊ ပျမ်းမျှခရီးသည် ၂ ဒသမ ၆ သန်းကျော် ရှိကြောင်း မ.ထ.သ ဗဟို၏ တရားဝင် စာရင်းများအရ သိရသည်။
http:// myitmakhamediagroup.com/ detail.php?newid=4949See More
သဘာဝဓာတ်ငွေ့(CNG)ဖြင့် မောင်းနှင်သည့် ယာဉ်အစီးရေ (၁၂၈) စီးအား ထုတ်ပေးသွားမည်ဟု မထသ (ဗဟို)သို့ ဇွန်လ (၄) ရက်နေ့၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)က အကြောင်းကြားထား ကြောင်း မထသ (ဗဟို)က ဆိုသည်။
"ခရီးသွားပြည်သူတွေသွားလာမှု
ပြေးဆွဲရန် ချထားပေးသောယာဉ်လိုင်းများတ
"ရန်ကုန်မြို့မှာ တစ်ခါတစ်ခါ ကားစီးရဖို့က မလွယ်ဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိတော့ သွားရတာ အဆင် မပြေဘူး။ ကျွန်မတို့ရဲ့ အချိန်တော်တော်များဟာ လိုင်းကားတွေပေါ်မှာပဲ အတော်ကြာအောင် အချိန်ကုန် နေရတယ်။ ရုံးဆင်းချိန်ဆိုရင် ပိုဆိုးသေးတယ်။ ပြည့်ကျပ်ပြီး တိုးထွက်လို့တောင်မလွယ်ဘူး။
CNG ကုဗပေ တစ်သန်းချထားပေးမှုကြောင့် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ပြီး ခရီးသွားပြည်သူများ၏ ယာဉ်လိုင်းများပေါ်တွင် အချိန်ကုန်ခြင်းကို လျော့နည်းနိုင်မည်ဖြစ်ပြီး ခရီးသည်များမှာ သက်တောင့် သက်သာဖြင့် စီးနင်းနိုင်ရန်အတွက် ရည်ရွယ်သည်ဟု မ.ထ.သ(ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ဆိုသည်။
CNG ဓာတ်ငွေ့ ချထားပေးမှုကြောင့် CNG ရရှိရန် အသစ်တင်သွင်းလာသည့် ဘတ်စ်ကား (၂၄၀) စီး၊ လာရောက် လျှောက်ထားပြီး အခြားကားများကို အထောက်ထား လိုအပ်ချက်များ ရှိနေသေးသောကြောင့် (၁၂၈) စီးကိုသာ ခွင့်ပြုခဲ့ရခြင်းဖြစ်ကြောင
မ.ထ.သ (ဗဟို)မှ တိုးချဲ့ ချထားပေးသော ယာဉ်လိုင်းအချို့မှာ (၅၇)ယာဉ်လိုင်းတွင် သုံးစီး၊ (၄၃)ယာဉ်လိုင်း တွင် တစ်စီး၊ အနောက်ပိုင်းခရိုင်ယာဉ်လိုင

http://