အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

အင်ဒိုက ရေငုတ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ကိုယ်တိုင်ထုတ်ဖို့ရှိ

အင်ဒိုနီးရှားကာကွယ်ရေးတပ်အနေနဲ့ ရေငုတ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ကိုယ်တိုင်ထုတ်လုပ်တော့မယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
ရေ ငုတ် သင်္ဘော တွေကို တောင်ကိုးရီးယား နိုင်ငံနဲ့ ပူးပေါင်း ထုတ်လုပ်မှာဖြစ်ပြီး လာမဲ့နှစ်မှာ စတင် စမ်းသပ် ပြေးဆွဲမယ်လို့ ပြောပါတယ်။တောင်ကိုးရီးယားနိုင်ငံနဲ့ အင်ဒိုနီးရှား အစိုးရတို့ကလည်း အင်ဒိုနီးရှားနိုင်ငံမှာ ရေငုတ်သင်္ဘော ထုတ်လုပ်တဲ့ စက်ရုံကို သုံးနှစ်အတွင်း တည်ထောင်နိုင်ဖို့ သဘောတူ ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲ့ဒါ့အပြင် အင်ဒိုနီးရှားကာကွယ်ရေးတပ်က တိုက်လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Purnoma Yusigiantoro က ပြောပါတယ်။

ဒါပေမယ့် အဲဒီအစီအစဉ်ကို လွှတ်တော်အမတ်တွေ သဘောတူမှ အကောင်အထည်ဖော်နိုင်မယ်လို့လည်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ စစ်သင်္ဘောကိုယ်တိုင် ထုတ်လုပ်နိုင်အောင် လုပ်ဆောင်နေသလို၊ ဂျာမနီနိုင်ငံက တင့်ကားတွေ၊ ရုရှားနိုင်ငံက တိုက်လေယာဉ်တွေနဲ့ တခြားနိုင်ငံက လက်နက်တွေကို ဝယ်ယူမှုတွေ ပိုမိုလုပ်လာနေတဲ့အကြောင်း အေဘီစီသတင်းထောက် George Robets က ဂျာကတာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

အင်ဒိုနီးရှား စစ်တပ် (Credit: AFP)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...