အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 June, 2013

လမ်း ၃ဝ မှတ်တိုင်တွင် လူအတင်အချ ပြုလုပ်သော ယာဉ်များကို ပြင်းထန်စွာ အရေးယူ တော့မည်

ရန်ကုန်မြို့တွင် မကြာခင်က ဖျက်သိမ်း လိုက်သော မြို့လယ်ပိုင်း အနော်ရထာ လမ်းပေါ်ရှိ လမ်း ၃ဝ မှတ်တိုင်၌ လိုင်းကား အချို့သည် လူအတင်အချ ပြုလုပ်နေဆဲ ဖြစ်သဖြင့် အဆိုပါ ယာဉ်များကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။၎င်းမှတ်တိုင်ကို ဖျက်သိမ်း လိုက်ရခြင်းမှာ ယာဉ်ကြောများ ကျပ်သည့် အပြင် လမ်းကြောပေါ်ရှိ မီးပွိုင့်နှင့် နီးကပ်နေသည့် မှတ်တိုင် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘားလမ်း မှတ်တိုင်နှင့်လည်း မှတ်တိုင်ချင်း နီးကပ် နေခြင်းကြောင့် လည်းကောင်း ဖျက်သိမ်း လိုက်ရခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

''ဒီမှတ်တိုင်ကို ရောက်ရင် လိုင်းကားတွေက တော်တော်နဲ့ မထွက်ကြတော့ဘူး။ အခု အချိန်ထိ လူအတင်အချ လုပ်ပြီး စည်းကမ်း ဖောက်ဖျက် တာတွေက ခရီးသည် တွေနဲ့ မဆိုင်ပါဘူး။ ဘယ်ခရီးသည်မှ ကားသမားက ဆင်းလို့ မရဘူးလို့ ပြောရင် မဆင်းကြပါဘူး။ စပယ်ယာတွေက လမ်းကျပ်လို့ ဖြည်းဖြည်း သွားရမယ့် အတူတူ မထူးပါဘူး ဆိုပြီး လူတွေကို ခေါ်တင်ကြရော။ တက်တဲ့ လူတွေ တက်တာ တွေ့တော့ ဆင်းချင်တဲ့ လူကလည်း လိုက်ဆင်းကြရော။ အတက်အဆင်း လုပ်တာကလည်း လမ်းမ အလယ်မှာ လုပ်နေတော့ သူ့နောက်က ကားတွေ အတွက် လမ်းပိတ် ကုန်တော့ တာပေါ့။ အခု အဲဒီလို စည်းကမ်း ဖောက်ဖျက်တဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူ သွားတော့မှာပါ။ ပထမ ဒဏ်ငွေရိုက်မယ်၊နောက်ဒီထက် ပိုဆိုးလာရင် လပိုင်း လိုင်းပိတ်တဲ့ အဆင့် အထိ အရေးယူ သွားမှာပါ'' ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...