အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 June, 2013

ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ မြန်မာ့အနာဂတ် တည်ဆောက်ပွဲ ကျင်းပ

ပညာအလှူသည် အမြင့်မြတ်ဆုံး အလှူဖြစ်တယ်လို့ ဟောပြောဆုံးမစကား တွေဟာ လက်တွေ့ကျတဲ့ စကားပါ။ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး၊ လူ့အဖွဲ့အစည်းတခုဟာ ပညာနဲ့ တိုက်ရိုက် ဆက်စပ် ထင်ဟပ် တာပါ။ ဒီနေရာမှာ အနာဂတ်ကြယ်ပွင့်လောင်းလျာ ကလေး၊ လူငယ်တွေအတွက် ပညာသင်ကြားပေးတာဟာ အနာဂတ် နိုင်ငံကို တည်ဆောက်တာ လည်းဖြစ် ပါတယ်။
တခါတရံ အနာဂတ် နိုင်ငံတည်ဆောက်ရေးမှာ ပြည်တွင်းမှာသာ မက ပြည်ပနိုင်ငံတွေမှာလည်း အနာဂါတ် ကြယ်ပွင့်တွေ အတွက် တည်ဆောက်ပညာသင်ကြားရတဲ့အခြေအနေမျိုး ကြုံဆုံရတတ်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသရောက် မြန်မာနိုင်ငံက ကလေးငယ်တွေ အတွက် ဘ၀ အရည်အသွေးတွေ မြင့်မားစေဖို့ လုံလျှမ်စီမိန်း လို့ အမည်ရတဲ့ မြန်မာအခြေခံ မူလတန်း
aကျာင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ ပါတယ်။

ထူးခြားတာကတော့ ကျောင်းဖွင့်ပွဲကို မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် လည်း တက် ရောက်လာသလို ထိုင်း-မြန်မာ ၂ နိုင်ငံလုံးက ဌာနဆိုင်ရာ အကြီးအကဲတချို့လည်း တက်ရောက် လာကြတာပါ။

ဒီအထဲ ထူးထူးခြားခြား နောက်တခု ကတော့ မော်ဒယ် သရုပ်ဆောင် အိုင်းရင်းလေပြေဦး တို့ ဇနီးမောင်နှံ လည်း တက်ရောက်လာပြီး ကျောင်းသားတွေ လိုအပ်နေတဲ့ စာသင်ခုံတွေ ၀ယ်ဖို့ အလှူငွေအဖြစ် ထိုင်း ဘတ်ငွေ ၁၅၈၀၀ ကို လည်း လှူဒါန်းသွားခဲ့ပါတယ်။

အဲဒီ မူလတန်းကျောင်းလေးဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးတွေ အတွက် ထိုင်း- မြန်မာ ၂ နိုင်ငံ အသိအမှတ်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်တဲ့ ကျောင်းလည်းဖြစ်ပါတယ်။

ပညာရေး ကိစ္စဆိုရင် တချိန်က အမေ့ခံ ဖြစ်နေပေမယ့် ယနေ့အခါတွေမှာတော့ သတိတရနဲ့ အလှူဒါနတွေ တိုးပွားလာ တာ မင်္ဂလာ တခုပါ။

ဧရာဝတီblog

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...