အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

နိုင်ငံကိုးခုမှ ဆရာဝန်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်မည်

နိုင်ငံပေါင်း ၉ နိုင်ငံမှ စေတနာရှင် ဆရာဝန်ကြီးများ ပါဝင်သည့် Operation Smile အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မျက်နှာပုံပန်းမကျ ဖြစ်နေသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့လာရောက် ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်ကို ဇွန် ၁၅ ရက် မှ ၂၂ ရက်အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဌာန၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိမြန်မာ တစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

ခွဲစိတ် ကုသမှုတွင် အမေရိကန်၊ အင်္ဂလန်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပီးရူးနှင့် ဖိလစ်ပိုင်နိုင်ငံများမှ စေတနာရှင် ဆရာဝန်ကြီးများ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ စုစုပေါင်းဦးရေ (၄၀)ခန့် ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်ကို စင်ကာပူနိုင်ငံ Fraser & Neave Ltd မှ အဓိက ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံရှိ ကရုဏာရှေ့ရှု မြန်မာမှု အစီအစဉ်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။

"Operation Smile အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာခွဲတာ ဒါနဲ့ဆို တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာ ဝေဒနာရှင်ဦးရေ ၁၀၀ ကနေ ၁၅၀ အထိခွဲဖို့ မှန်းထားပါတယ်။ လက်ရှိစာရင်း ရထားတဲ့ ဦးရေက ၅၀ လောက်ပဲ ရှိပါသေးတယ်။ ခွဲမယ့်ရက်က ဇွန် ၁၅ ရက်စမှာ ဆိုတော့ ၁၄ ရက်နေ့အထိ စာရင်းပေးတာ လက်ခံသွားမှာပါ။ နယ်ကလာမယ့် သူတွေဆိုရင်တော့ စာရင်းကို ဖုန်းနဲ့ကြိုပေးပြီး ရန်ကုန်ကို ၁၄ ရက်နေ့ အရောက်လာပေးဖို့ လိုပါတယ်" ဟု ကရုဏာရှေ့ရှု မြန်မာမှု အစီအစဉ်မှ ဒေါ်ဝင်းဝင်းသန့်က ပြောကြားခဲ့သည်။

Operation Smile အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ မျက်နှာပုံပန်းမကျ ဖြစ်နေသည့် ကလေးငယ်များအား အခမဲ့ခွဲစိတ် ကုသမှုများကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်ပေါင်း ၂၁၈ ဦးကို ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်သည်။ Operation Smile အဖွဲ့တွင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ နိုင်ငံပေါင်း (၅၆)နိုင်ငံမှ လုပ်အားဒါန အခမဲ့ ပေးလှူကြသည့် စေတနာရှင် ဆရာဝန်ပေါင်း လေးထောင်ကျော်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသ လိုသူများ ၀၉၇၃၁၁၃၄၀၄၊ ၀၉၈၆၁၈၄၅၂ တို့သို့ စာရင်းပေးနိုင်ကြောင်း သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...