အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

မီးသတ်ဌာနချုပ်က လေယာဉ်မီးငြှိမ်း သတ်ခြင်းအား ဖော်ကာလေယာဉ်ဖြင့် လေ့ကျင့်မည်

လေယာဉ် မတော်တဆမှု ဖြစ်စဉ်များအတွက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဖော်ကာအမျိုးအစား လေယာဉ်ဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားခဲ့သည်။ "မြန်မာ့လေကြောင်း ပို့ဆောင်ရေးက အသုံးမပြုတော့တဲ့ ဖော်ကာအမျိုးအစား လေယာဉ်ကို လေ့ကျင့်ဖို့အတွက် နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ကို ပေးထားတာပါ။ အသုံးမပြုတော့တဲ့ လေယာဉ်ဆိုပေမယ့် အပျက်တွေတော့ မဟုတ်ပါဘူး" ဟု ဦးတင်မင်းက ပြောကြားသည်။

ထိုလေယာဉ်ကို အသုံးပြုကာ လေယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ခရီးသည်များကို ကယ်ဆယ်ခြင်း၊ မီးလောင်နေပါက မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် အသက်ကယ်ဆယ်ရေး လေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက လေယာဉ်ကွင်းမှာ သွားပြီးလေ့ကျင့်ရတယ်။ အခုကတော့ ဌာနချုပ်မှာပဲ လေ့ကျင့်ရတော့မှာဆိုတော့ ပိုကောင်းတာပေါ့။ အဓိကကတော့ အရည်အသွေး ပြည့်ဝတဲ့ သူတွေကို ဒီထက်ပိုပြီး တိုးတက်လာအောင် အနီးကပ် ပိုလုပ်ပေးနိုင်ဖို့ပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းလေယာဉ်သည် မီးသတ်ဌာနချုပ်သို့ မေ ၂၃ ရက် ည ၁၁ နာရီတွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် မွမ်းမံနေရာ ချလျက်ရှိကြောင်း သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...