မြန်မာနိုင်ငံ၏
အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံများတွင် တစ်ခုအပါ အဝင်ဖြစ်သည့်
ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး Mr. John
Tsang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၇ ရက်နေ့က
ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ
ပြောရေးဆိုခွင့်ရှိသူ Mr. Gao Mingbo က ပြောကြားသည်။
ယင်းခရီးစဉ်မှာ အဆိုပါဝန်ကြီး၏ မြန်မာနိုင်ငံပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး
ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် နေထိုင်မည်ဖြစ်ကြောင်း၊
၎င်းနှင့်အတူ ဟောင်ကောင်အခြေစိုက် စီးပွားရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု ဆိုင်ရာ
ကျွမ်းကျင်သူ ၂၀ ကျော် ပါဝင်ကြောင်း တရုတ် သံရုံးမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်ခြင်း၏ အဓိကရည်ရွက်ချက်မှာ
မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်ရန်၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်စေရန် တို့အပြင် ဟောင်ကောင် နှင့် အရှေ့တောင်အာရှ
ဈေးကွက်များ
ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ကြောင်း ၄င်းက ရှင်းပြသည်။
"ဝန်ကြီးက မနက်ဖြန်မှာ နေပြည်တော်ကိုသွားပြီး အစိုးရ အရာရှိကြီး တွေနဲ့
တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံမှာရင်းနှီး မြှုပ်နှံဖို့နဲ့ ကုန်သွယ်မှုတွေ
လုပ်နိုင်မယ့် အလားအလာကောင်းတွေကို ဆွေးနွေး သွားဖို့ ရှိပါတယ်" ဟု
၎င်းကရှင်းပြသည်။
ထို့အပြင် ၄င်း၏ခရီးစဉ် အတွင်း
ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီနှင့် စင်ကာပူနိုင်ငံ
အခြေစိုက် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးက ဦးဆောင်
ကျင်းပပေးမည့် နှစ်နိုင်ငံကုန်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ
အပြန်အလှန် ဆွေးနွေးမှု များပြုလုပ်ရန် နေ့လယ်စာဆွေးနွေးပွဲ အစီအစဉ်တစ်ခုကို
ကျင်းပနိုင်ရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
ဟောင်ကောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ရ
နယ်မြေနှစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံး
ကုန်သွယ်ဖက်ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ် အတွင်းက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသော ပမာဏမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ရှိသည်။
The Voice Weekly
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 29
(12)
- အသားကင်ဆိုင်များရှိ အကင်များ၌ အစာအဆိပ်သင့်မှု ဖြစ်ေ...
- မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများမှ မြန်မ...
- မြန်မာနိုင်ငံမှ မီးရထားလမ်းများအား အဆင့်မြှင့်တင်မည်
- သီတဂူ ဆရာတော် တရားပွဲကျင်းပမည်
- “ပီကေး၏ စပိန်အသင်းပွဲစဉ်အား ရှကီရာ အားပေးကြည့်ရှု”
- သရုပ်ဆောင် အလုပ် ပြန်လုပ်နေပြီ ဖြစ်တဲ့ ထိုက်စံမော့စ်
- တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို
- ထိုင်းနိုင်ငံတွင် အဝလွန်သူ ယာဉ်ထိန်းရဲများ ကိုယ်အေ...
- စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်
- ထိုင်းတောင်ပိုင်း သူပုန်များ၏ တောင်းဆိုချက်များ လက...
- ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ
- ဒီဇိုင်းဆန်းတဲ့ ကိုကာကိုလာ ပုလင်း
-
▼
Jun 29
(12)
-
▼
June
(712)