ကမ္ဘာ့ဘဏ်
အုပ်စုရဲ့ လျှော့ပေါ့ ချေးငွေ အဖွဲ့ တစ်ခုဖြစ်တဲ့ နိုင်ငံတကာ
တိုးတက်ဖွံ့ဖြိုးရေး အသင်း IDA ဟာ ပြည်တွင်းရဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို ကူညီပေး သွားမှာ ဖြစ်တယ်လို့
ကမ္ဘာ့ဘဏ်မှ သိရပါတယ်။ ဒီလိုကူညီ ချေးငှားရာမှာ အတိုးမဲ့ ချေးပေး
သွားမှာဖြစ်ပြီး ၇.၅ ရာခိုင်နှုန်း ကိုတော့ ၀န်ဆောင်ခ ရယူမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အစိုးရ အနေနဲ့ ချေးငွေ ဆပ်ဖို့ အနှစ် ၄၀ ရရှိမှာဖြစ်ပြီး ၁၀ နှစ် ဆိုင်းငံ့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အဆိုပါပြုထားတဲ့ စီမံကိန်းတွေ ကတော့ မွန်ပြည်နယ်၊ သထုံမြို့မှာ လည်ပတ်နေတဲ့ ဓာတ်ငွေ့ တာဘိုင် မီးအားပေးစက် GT ကို စွမ်းအား မြှင့်တင်ဖို့နဲ့ ခေတ်မမှီ တော့တဲ့ စက်များကို ၁၂၀ မဂ္ဂါဝပ် ရှိတဲ့ ပေါင်းစပ် ပတ်လည်ဓာတ်ငွေ့ တာဘိုင် နည်းပညာ စက်များနဲ့ လဲလှယ် တပ်ဆင် ပေးဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းရဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍ ရေရှည် တိုးတက် စေရေး အတွက်လည်း နည်းပညာ များပါ အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ စီမံကိန်းတွေ အတွက် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ခန့်မှန်း ကုန်ကျငွေမှာ ဖြစ်ပြီး ယခုလို အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို အတိုးမဲ့ ချေးငွေ အဖြစ် ကူညီပေး သွားမှာ ဖြစ်ပါတယ်။
MRTV4