အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 May, 2013

နိုင်ငံခြားကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ဖွဲ့စည်းမည်

မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သော ကမ္ဘာလှည့်ခရီး သွားဧည့်သည်များနှင့် ယခုနှစ်အ တွင်း ကျင်းပမည့် ဆီးဂိမ်းတွင် လာရောက်မည့် ကမ္ဘာလှည့်ခရီး သွားဧည့်သည်များအား ကူညီ စောင့်ရှောက်ရန်အတွက် နိုင်ငံ ခြားသား ကာကွယ်စောင့်ရှောက် ရေး ရဲတပ်ဖွဲ့အားဖွဲ့စည်းမည် ဖြစ် ကြောင်းသိရသည်။လက်ရှိတွင် နိုင်ငံခြားသား ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ မဖွဲ့စည်းရသေးသော် လည်း ဖွဲ့စည်းရန်အတွက် သင် တန်းပေးနေပြီဖြစ်ကြောင်း၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့အား နိုင်ငံ ခြား သား များလုံခြုံရေးသင်တန်းပေး နေသူ Mark Wilson က မေလ ၂၇ရက် နေ့က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သောသတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။ ““မကြာမီမှာ ဆီးဂိမ်းကလည်း စတော့မယ်ဆို တော့ ဆီဂိမ်းကျရင် နိုင်ငံခြား သားတွေရဲ့လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်ပေးမှာလည်း ဆိုတာလိုတယ်။ ကျွန်တော်အ နေနဲ့လည်း အခုမြန်မာနိုင်ငံရဲ တပ်ဖွဲ့က ရဲတွေကို Tourist Police နဲ့ပက်သက်လို့ ၁ပတ်ကို ၆ရက်နဲ့ ၆ပတ် သင်တန်းပေးနေ ပါတယ်”” ဟု ပြောကြားခဲ့သည်။

Tourist Police များနှင့် ပတ်သက်လို့ ၎င်းက ဆက်လက် ပြောကြားရာတွင်လည်း ““Tourist Police တွေက မူလရဲတပ်ဖွဲ့က ယူနီဖောင်းတွေနဲ့တော့တူမှာ မဟုတ်ပါဘူး။ သူမှာလိုအပ်တဲ့ ပစ္စည်းတွေကို အစုံအလင်တပ် ဆင်ပေးမှာဖြစ်ပါတယ်။ Tourist Police တွေက မြို့နယ်အနှံ့ကို လျှောက်သွားနေရပါမယ်။ နိုင်ငံ ခြားသားတွေက သူတို့ကို မြင် တာနဲ့ Tourist Police သိပြီး တော့ အကူအညီတောင်းမှာဖြစ် ပါတယ်။”” ဟု ပြောကြားခဲ့သည်။

ဖြိုးအောင်

The Hot News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...