အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 May, 2013

အမေ များနေ့ကို ဂုဏ်ပြု ပြဇာတ် ကမယ့် ဆုပန်ထွာ

ဆုပန်ထွာ က အမေများနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြဇာတ်မှာ ပါဝင်က ပြခဲ့ပါတယ်။ ဒါရိုက်တာ တင်အောင်ရွှေ ရဲ့ ပြဇာတ်ကို မေလ၄ ရက်နေ့ က သာကေတ Capital မှာ ကပြခဲ့ပြီး မေ၁၁ရက် မှာတော့ Junction Square မှာ ကပြဖျော်ဖြေမှာ ဖြစ်တယ် လို့ပြောပါတယ်။ “Anlene ကုမ္ပဏီက အမေများနေ့ အတွက် လုပ်တာကို မပန် ကပြဇာတ်မှာပါတာ။ အမေများနေ့ ကတော့ မေ၁၃ရက် နေ့ပါ။ အမေများ အဖွဲ့၊ ဦးရဲအောင်၊ ဦးဝင်းနိုင်၊ ထွန်းကိုကို တို့နဲ့အတူ ပြဇာတ် ကရတာ။ မပန် ကဖြစ်တာကလည်း အမေကြောင့်ပေါ့။ အမေများနေ့ဆို တော့ ကိုယ့်အမေကိုလည်းဂုဏ်ပြု သလိုပေါ့။ ပြဇာတ်တိုလေး ပါ။ ပရိသတ်တွေ ရှေ့မှာ တိုက်ရိုက် ဆိုတော့ နည်းနည်း တာဝန် တော့ ကြီးတယ်။ Shopping Center တွေမှာဆိုတော့။ ကြိုးစားပြီးတော့ သေချာ တိုက်ထားတာလေ။ ပြဇာတ်က ရိုးရိုးကြီး မဟုတ်ဘဲ ဟာသလေးတွေလည်း ပါတယ်။ ပြဇာတ် က မပန် ရဲ့အဖြစ်လေး နဲ့တူတယ်။ အပြင်က အတိုင်းပဲ”လို့ ပြောပြပါတယ်။

မေမွန်မောင်
By Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...