အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 May, 2013

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

 ရေပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။


တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

 ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost
Aung Kham (TSJ team)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...