အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

လိုင်းကားယာဉ်မောင်းနောက်လိုက်များကိုအရေးယူသည့်ပြစ်ဒဏ်

လိုင်းကားယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ၏ခရီးသွားပြည်သူ  များအပေါ်ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမခြေမငံဆက်ဆံခြင်း တို့အားထိရောက်စွာအရေးယူနိုင် ရန် ယခင်ဒဏ်ငွေပြစ်ဒဏ်မှ ယခုရာသက်ပန်ဂိတ်ပိတ်ပြစ်ဒဏ် အထိချမှတ်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍  မထသဗဟိုမှတာဝန်ရှိသူတစ်ဦးက  ပြောကြားရာတွင် “အဲဒါနဲ့ ပတ်သက်ပြီးတော့ဦးအနေနဲ့ ဆွေးနွေးထားတာရှိတယ်။ မအောင်မြင်သေးဘူး။ ယာဉ်မောင်း  နဲ့
ယာဉ်နောက်လိုက်တွေက ခရီး  သက်တွေကို မခြေမငံ့ဆက်ဆံ တာများတယ်။ သူတို့ကိုအဲဒီလို ဆက်ဆံလို့ဒဏ်ရိုက်ရင်လည်း သူတို့ကမကြောက်ဘူး။ ဘာလို့ လဲဆိုတော့ ဒဏ်ငွေရိုက်တဲ့ ပိုက်ဆံကကားမောင်းတဲ့ အထဲက ပြန်စိုက်လို့ရတယ်။ရှင်းရှင်းပြောရင်  သူတို့ကဦးတို့ကို မကြောက်ဘူး။ အဲဒါကြောင့် ဂိတ်ပိတ်ပြစ်ဒဏ် အဖြစ်တိုးမြှင့်ဖို့စီစဉ်နေတယ်။ အရင်တုန်းကတော့ ၁ လဂိတ် ပိတ်အထိပဲအရေးယူခဲ့တာရှိတယ်။   ဂိတ်ပိတ်ပြစ်ဒဏ်ဆိုတာဒီခရီးသည် မောင်းလောကမှာဘယ်ဂိတ်မှ မောင်းလို့မရဘူး။ နောက်တစ်ခုဆိုး တာကဘာလဲဆိုတော့ ယာဉ် လုပ်သားကအရမ်းရှားတယ်။ အဲဒီ လုပ်သားတွေကိုလည်း အုံနာတွေ  က သူတို့ဘာသာခန့်ကြတာ။ဒီတော့ ဒီကပိတ်လိုက်ရင်ဟိုဘက်မှာသွား မောင်းလို့ရတယ်ဆိုတဲ့ စိတ်ဓာတ်  မျိုးတွေဝင်နေတယ်”ဟု ပြောကြား  ခဲ့သည်။
ရန်ကုန်မြို့အတွင်းမောင်နှင် သွားလာနေသော ခရီးသည်ယာဉ်  မောင်းများသည်မကြာခဏယာဉ် စည်းကမ်းလမ်းစည်းဖောက်၍ မောင်နှင်နေကြပြီး ယင်းကဲ့သို့ မောင်နင်နေသောကြောင့် ယာဉ် မတော်တဆမှုများလည်း မကြာ ခဏဖြစ်ပေါ်နေလျက်ရှိသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...