အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 May, 2013

ကဆုန်ညောင်ရေသွန်းပွဲတော် ရွှေတိဂုံစေတီတော် အပါအ၀င် စေတီတော်အဆူဆူ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲအား ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အကြိမ်(၃၀)မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတိဂုံဘုရားကဲ့သို့ပင် မယ်လမုဘုရား၊ ကျိုက္ကစံဘုရား၊ ကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင်ဘုရားနှင့် ရန်ကုန်မြို့ရှိ ဘုရားစေတီအားလုံး၌ ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် မဟာဗောဓိ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲဖြစ်သည့် ကဆုန်လပြည့်နေ့ (မေ ၂၄ ရက်) နံနက် ၅ နာရီမှစ၍ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊
သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူခြင်း၊ ဘာသာရေး အသင်းအဖွဲ့များမှ တစ်သင်းလျှင် ၁၅ ဦးစီဖြင့် ဘုရားရင်ပြင်အား တစ်ပတ်လှည့်ကာ အင်္ဂါနံထောင့်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ရွှေတိဂုံစေတီတော် ရင်ပြင်ထက်ရှိ ဗောဓိညောင်ပင်တွင် ဘာသာရေး အသင်းအဖွဲ့ပေါင်းစုံမှ ညောင်ရေသွန်းလောင်းခြင်း၊ ယောဂီရောင်ထက်အောက် ၀တ်ဆင်လျက်ဖြင့် ညောင်ရေသွန်းလောင်း ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများမှ ညောင်ရေသွန်းလောင်းရန် အလို့ငှာ အများအပြား လာရောက်ခဲ့ပြီး ရွှေတိဂုံ စေတီတော်တွင် ညောင်ရေသွန်းလောင်းသူ အများအပြားနှင့် စည်းကားခဲ့ကြောင်း သိရသည်။
''ကဆုန်လပြည်နေ့မို့ ရွှေတိဂုံစေတီတော်မှာ တော်တော်လေး စည်စည်ကားကား ညောင်ရေ သွန်းလောင်းကြပါတယ်၊ ဘုရားဖူးတွေအနေနဲ့ အဆင်ပြေအောင် ညောင်ရေအိုးတွေကို အဆက်မပြတ် လုပ်အားပေးတွေက ဖြည့်ဆည်းပေးကြပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ဗိုလ်တထောင်ဘုရား ညောင်ရေသွန်းနေသူ လှည်းကူးမြို့နယ်နေ ဒေါ်အေးကံက ''အမေတို့က လှည်းကူးက လာဖူးတာပါ။ အရင်ဆုံး ရွှေတိဂုံဘုရားကို သွားဖူးတယ်။ အခု ဗိုလ်တထောင်ကို လာဖူးတာပါ။ ဒီနေ့က အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ နေ့ထူးနေ့မြတ်ပါ'' ဟု ဆိုသည်။
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများမှ ဦးဆောင်သူ ကိုကျော်နိုင်ထွန်းက ''ကျွန်တော်တို့က သူ ငယ်ချင်းတွေ စုပေါင်းပြီး ဘုရားဝေယျာဝစ္စတွေ လာလုပ်တာပါ။ လှေကားထစ်တွေ သန့်ရှင်းအောင် အ၀တ်နဲ့ လိုက်သုတ်ပေးပါတယ်။ နံနက် ၇ နာရီကတည်းက ညနေ ၅ နာရီအထိ လုပ်သွားမှာပါ။ အခုလို ကုသိုလ် အလှူပြုလုပ်ရတာ ကျေနပ်စရာ ကောင်းပါတယ်'' ဟု ပြောကြားသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...