အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 May, 2013

''ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ရှာဖွေတွေ့ရှိ''

 












ရှေးဟောင်း ''ဂရိ'' နဲ့ ''အီဂျစ်'' ''သိုးနီးစ်'' မျိုးနွယ်ေ တွရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ''ဟာရယ်လီယံ''ဆိုတဲ့ အဓိက ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ရဲ့ အကြောင်း အရင်က မှတ်တမ်းတွေမရရှိခဲ့ဘူးသေးပေမဲ့ ''ဥရော ပရေအောက် ရှေးဟောင်းသုတေသနတက္ကသိုလ်'' (European Institute for Underwater Archeology) (IEASM) ရဲ့ စူးစမ်းရှာဖွေမှု များအ ရ မြေထဲပင်လယ်အောက် နစ်မြုပ်ခဲ့ရတဲ့ မြို့ကြီးတစ် မြို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ''weather.com'' အင်တာနက်သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။''သိုးနီးစ်-ဟာရယ်လီယံ''တွေရဲ့ သမိုင်းအထောက် အထားလမ်းစတွေကို အီဂျစ်နိုင်ငံ ကမ်းခြေ မှ ၄-မိုင်အကွာ ပင်လယ်ရေအောက်ပေ ၃၀ အနက် ''အာဘူကီယာ" ပင်လယ်ကွေ့ဒေသမှာ ၂၀၀၀ခုနှစ်က စတင်တွေ့ ရှိခဲ့တာဖြစ်ပြီး၊ ပြင်သစ်ရေအော က်ရှေးဟောင်းသုတေသီ ''ဒေါက်တာဖရန့်ဂေါ့ဒီယို''ရဲ့ လမ်းညွှန်မှုနဲ့ တူးဖေါ်ရှာဖွေရေးအ ဖွဲ့တွေ တွေ့ ရှိခဲ့တဲ့ အပျက်အစီးများစွာထဲမှာ ရှေးရိုးစွဲ ဘာသာရေး ၀တ်ပြုဆောင်တစ်ခုလည်း ပါဝင်ကြောင်း၊ အဆိုပါဝတ်ပြုဆောင်ထဲမှာ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ''ဟာဖီနတ်ဘုရား''ရုပ်ထုတစ်ခု အပါအ ၀င် ရှေးခေတ် သင်္ဘောပျက်အစိတ်ပိုင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဝတ်ပြုဆောင်တွေ့
ရှိခြင်းဟာ ရှေးဟောင်းမြို့ တစ်မြို့ဖြစ် တယ်ဆိုတာ အခိုင်အမာဆုံးသက်သေ တစ်ခုဖြစ်ကြောင်း၊ ''ဒီပင်လယ်ရေအောက်ကြမ်းပြင်မှာ ရာစုနှစ်ပေါင်းများစွာ မပျက်စီးတည်ရှိကျန်ရစ်နေတဲ့ အခြေအနေ ဟာ ရှေးဟောင်း သုတေ သနတွေ့ရှိမှုတွေထဲမှာ အံ့သြဖွယ် ဖြစ်ကြောင်း အောက်စ်ဖို့ တက္က သိုလ် ရှေးဟောင်းသုတေသဌာနမှ ထင်ရှားတဲ့သုတေသီ ''ဆာ ဘယ်ရီကမ်းလိဖ်''က ထုတ်ဖေါ်ပြောဆို လိုက်ကြောင်း သတင်းစာမျက်နှာမှာ ဆက်လက်ဖေါ်ပြ ထားပါတယ်။



''ဟာရယ်လီယံ'' မြို့ကြီးပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့ရတဲ့အကြောင်းအရင်းကို အတိအကျဖေါ် ထုတ်နိုင်ဖို့ မလွယ်ကူသေးကြောင်း၊ ဒေါက်တာဖရန့်ဂေါ့ဒီယို ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ အဆိုအရ ကြီးမားတဲ့မြေပေါ် အဆောက်အဦး၊ ရုပ်ထုကြီးတွေရဲ့ ဖိအား၊ နူံးမြေပျော်ကျနိမ့်ဆင်းမူကနေ အဆိုပါမြို့ကြီး ပင်လယ်ရေအောက်ရောက်ရှိသွားတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက်ဖေါ်ပြထားပါတယ်။


အခြားယူဆချက်တစ်ခုအနေနဲ့ကတော့ ကြုံတောင့်ကြုံခဲ ရေဘေးကြီးမျိုး ကြုံတွေ့ရခြင်း ၊ မြေငလျှင် ဒဏ်ခံရခြင်းနှင့် အတူ မြေနု နုံးမြေတွေပျော်ကျနိမ့်ဆင်းမှုတို့ကြောင့်ည်း ဖြစ်နိုင်ကြောင်း သတင်းစာမျက်နှာ မှာ ဖေါ်ပြ

ထားပါတယ်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...